သရက်၂နှစ်သားနဲ့၅နှစ်သားကိုမိုးနှောင်းကာလမှာဓာတ်မြေသြဇာဘယ်လိုကြွေးရမလဲရှင့်..ဘယ်လောက်ကြွေးရမလဲဆိုတာကျေးဇူးပြု၍...
သရက်၂နှစ်သားနဲ့၅နှစ်သားကိုမိုးနှောင်းကာလမှာဓာတ်မြေသြဇာဘယ်လိုကြွေးရမလဲရှင့်..ဘယ်လောက်ကြွေးရမလဲဆိုတာကျေးဇူးပြု၍ဖြေကြားပေးပါရှင့်
သရက်၂နှစ်သားနဲ့၅နှစ်သားကိုမိုးနှောင်းကာလမှာဓာတ်မြေသြဇာဘယ်လိုကြွေးရမလဲရှင့်..ဘယ်လောက်ကြွေးရမလဲဆိုတာကျေးဇူးပြု၍ဖြေကြားပေးပါရှင့်
ဟုတ်ကဲ့ဆရာ npk၃း၁း၁ဆိုတာစပ်ပြီးသားရှိလားရှင့်ကိုယ်ဘာသာစပ်ရမှာလားရှင့်အတွေ့အကြုံမရှိသေးမသိသေးပါသဖြင့်ဖြေကြားပေးပါရှင့်ကျေးဇူးတင်ပါတယ်ရှင့်..
သရက် ၂နှစ်သား မြေသြဇာ N;P;K ( ၃;၁;၁) နှုန်းရောစပ်ပြီး တစ်ကီလို ( အလေးချိန်အနေနဲ့ခြောက်ဆယ့်နှစ်ကျပ်ခွဲသား ) ရောစပ်ပြီး ကျွေးသင့်ပါတယ်။ ၅နှစ်သား က အထက်ပါရောစပ်နည်းအတိုင်း အသီးခူးပြီးတာနဲ့ ၂ကီလို ကျွေးသင့်ပါတယ်။ သဘာဝ မြေဆွေး ( သို့ ) နွားချေးဆွေး ( တရိစ္ဆာန် စွန့်ပစ်သည့် ချေးတစ်မျိုးမျိုး မှတ်ချက် ဆွေးမြေ့နေပါစေ ) အနည်းဆုံး ငါးကီလိုမှ ၈ ကီလို မိုးဦးနဲ့မိုးနှောင်း အထက်ပါ ဓါတုမြေသြဇာများနဲ့ ရောစပ်ပြီး ကျွေးသင့်ပါတယ်။ ကျွေးရမယ့်နေရာက နေ့လယ်ခင်း ၁၂ နာရီ နေရောင်ခေါင်းပေါ်ကျတဲ့အခိျိန် အပင်အရိပ်ဝိုင်း ဧရိယာအစပ်ကနေ အတွင်း တစ်ပေခန့်အကွာ ( အပင်အစာစားမည့်နေရာကို ) မြေခြောက်လက်မလောက်အနက် စက်ဝိုင်းပုံတူးပြီး ထည့်ပေးပါ။ မြေသြဇာ ထည့်ပြီးတိုင်း အဆိုပါနေရာကို ရေဝဝလောင်းပေးပါ။
ငါးအမိုင်နိုအက်စစ်လုပ်နည်းကိုတော့ Greenway မှာ ရှာဖတ်နိုင်ပါတယ်ခင်ဗျာ့။ လူကြီးမင်းတို့ သုံးရတာအဆင်ပြေရင် တခြားလူများကိုများလည်း ပြန်လည် မျှဝေပေးပါဦးခင်ဗျာ့။
ငါးအမိုင်နိုအက်စစ်ကျွေးနိုင်ပါတယ် ရေသန့်ဘူးခွံတစ်ဖုံးကို ရေတစ်လီတာနဲ့ ရောပြီး အပင်ကို ရွက်ဖြန်းအနေနဲ့သုံးနိုင်ပါတယ် အပင်အောင်ခြေတွေလည်း လောင်းနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စိန်တလုံးသရက်ပင် ၁ နှစ်သား ဘာမြေဆီကြေ့ွးရင်အဆင်ပြေမလဲ
ဖြေကြားချက် 1 ခု
ကျွန်တော်သရက်ပင်က အရွက်အဖျားတွေကခြောက်နေတယ် ဘယ်လို့လုပ်ရမလဲ့ဆိုတာ ကူညီပေးပါအုံး
ဖြေကြားချက် 0 ခု
စိန်တလုံးကိုင်းဆက်ပြီးအညွန်ထွက်ပြီးမှမအောင်မြင်ဖြစ်သွားတာဘာကြောင့်လဲရှင့်ကျေးဇူးပြု၍ဖြေကြားပေးပါရှင့်
ဖြေကြားချက် 4 ခု
သရက်ပင်တွေအရွက်တွေခြောက်နေလို့ဘာဖြစ်ဒါလဲမသိဘူး ဘာဆေးဖြန်းရမလဲကူညီပါအုန်း
ဖြေကြားချက် 2 ခု
သရက်အရွက်တွေခြောက်နေလို့ဘာလိုအပ်လို့လဲကူညီပါအုန်း
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။