ပဲပင်တချို့အရွက်မှာ လောက်ကောင်သေးသေးလေးတွေ အစုလိုက်အပြည့်ပါပဲ ဖျန်းရမယ့်ဆေးလေး ပြောပေးပါအုံး
ထောပတ်ပဲရွက်ပေါ်တွင် အုပ်စုလိုက် ခြစ်စားဖျက်ဆီးနေသော ပိုးကောင်ငယ်များသည် ဥမှစတင်ပေါက်ဖွားလာသည့် ရွက်စားပိုး (Leaf Eating Caterpillar) သို့မဟုတ် ခူကောင်ငယ်များ ဖြစ်ကြပါတယ်။ ဤဖျက်ပိုးကို နှိမ်နင်းရန် ပထမဦးစွာ ပိုးကောင်များ စုပြုံနေသည့် အရွက်များကို ဆွတ်ခူးပြီး စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီးခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်ပါသည်။ ဓာတုဆေး အသုံးပြုလိုပါက လောက်ကောင်နှင့် ခူကောင်များကို သေစေနိုင်သော အီမာမက်တင် ဘန်ဇိုအိတ် (Emamectin Benzoate)၊ စပီနိုဆတ် (Spinosad) သို့မဟုတ် ဆိုက်ပါမီသရင် (Cypermethrin) ပိုးသတ်ဆေးတစ်မျိုးမျိုးကို ရွေးချယ်ပြီး၊ အရွက်အောက်မျက်နှာပြင်ပါ နှံ့စပ်အောင် လေငြိမ်သော မနက်ခင်း သို့မဟုတ် ညနေခင်းတွင် ပက်ဖျန်းပေးရပါမယ်ခင်ဗျာ။ ဤအဖြေဖြင့်ပြေလည်သည် စတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။
အီမာမက်တင် ကို ဆေးတပုံး=၁၀ဂရမ်ဖျန်းပါ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာရောဂါကျနေတာလဲဗျ ဖျန်းရမယ့်ဆေး ညွှန်ပေးပါအုံး
ဖြေကြားချက် 1 ခု
ခရမ်းနဲ့ ထောပတ်ပဲကို ပျိုးပြီး စစိုက်ထားတာ ၁ပတ်လောက်ရှိပြီ သူတို့အတွက် အစာ ရေနဲ့ ဆေးကို အခုကစပြီး ဘယ်လိုတွေ...
ဖြေကြားချက် 5 ခု
နှမ်းစိုက်ပျိုးနည်းအကြောင်းသိချင်ပါတယ်
ဖြေကြားချက် 1 ခု
အပင်ရောဂါအခြေအနေလေး ကြည့်ပေးပါအုံး အရွက်တွေဝါပြီး မှိုကျနေသလိုဖြစ်နေပါတယ် အောက်ကပုံထဲက ငါးပုံမြောက်ပုံက အရွက်...
ဖြေကြားချက် 4 ခု
ငါးအမိုင်နိုလုပ်ထားတာ၁နှစ်သားရှိပါပြီအနံ့ကတော့မွှေးနေတုန်းပါပဲသုံးလို့အဆင်ပြေသေးလားခဗျပြစ်လွန်းနေရင်ကျဲအောင်ရေ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။