အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
52
လွန်ခဲ့သော ၃ လ က · ကော့ကရိတ်

em ရယ် ငါးအမိုင်နိုအက်ဆစ်ရယ် ကြက်ဥုအခွံရှာလကာရည်စိမ်ရယ် အပင်အတွက်အားလုံးရောပီးဖျန်းလို့ရနိုင်မလားခင်ဗျာ။ကျေး...

em ရယ် ငါးအမိုင်နိုအက်ဆစ်ရယ် ကြက်ဥုအခွံရှာလကာရည်စိမ်ရယ် အပင်အတွက်အားလုံးရောပီးဖျန်းလို့ရနိုင်မလားခင်ဗျာ။ကျေးဇူးပါ

မြေဆီလွှာ ဒူးရင်းသီး

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

အပင် အမြစ်ကကျွေးတာကို ပိုကြိုက်ပါတယ်။ ဖျန်းရင်လဲ ရပါတယ်။ အပင်အရွယ်နဲ့ ဖျန်းရမည့်နုန်းထားကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီးမှ ဖျန်းစေချင်ပါတယ်။

259,693 လွန်ခဲ့သော ၃ လ က

EM (အကျိုးပြုအဏုဇီဝ)၊ ငါးအမိုင်နိုအက်ဆစ်၊ ကြက်ဥခွံရည်နဲ့ အမိုင်နိုအက်ဆစ် (အပင်အားဆေး) တို့ကို ရေဖျန်းပုံးထဲမှာ တစ်ပြိုင်နက် ရောစပ်ပြီး အပင်ခြေကို လောင်းပေးတာ ဒါမှမဟုတ် အရွက်ဖျန်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုသတိပြုရမှာက ကြက်ဥခွံရည်မှာပါတဲ့ ကယ်လ်စီယမ်ဓာတ်ဟာ အခြားအာဟာရဓာတ်အချို့နဲ့ ဓာတ်ပြုပြီး အနည်ထိုင်သွားတတ်တာကြောင့် ဆေးဖျန်းပုံး ဇကာပိတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အမိုင်နိုအက်ဆစ်နဲ့ ငါးအမိုင်နိုရည်တို့ဟာ အာဟာရချင်း ဆင်တူတဲ့အတွက် နှစ်မျိုးလုံးကို အလွန်အကျွံသုံးရင် နိုက်ထရိုဂျင်ဓာတ် များလွန်းပြီး ဖျန်းစပ်တဲ့ အချိုးအစား မမှန်ရင် အရွက်လောင်တာ၊ မှိုရောဂါကျလွယ်တာမျိုး ဖြစ်တတ်လို့ နှုန်းထားကို သေချာချင့်ချိန်ပြီး အသုံးပြုသင့်ပါတယ်။ဖြစ်နိုင်ရင်အပင်ခြေက ကျွေးပါ

48 လွန်ခဲ့သော ၃ လ က

ရပါတယျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။