အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
7,346
လွန်ခဲ့သော ၃ လ က · ချောက်

ဆရာခင်ဗျ ခရမ်း နဲ့ ခရမ်းချဥ်စိုက်မဲ့မြေကို အခုပုံပါ ပေါင်းအုပ်ဆေးလေး ပါးပါးဖျန်းခဲ့ပါတယ်ခင်ဗျ အန္တရာယ်ရှိနိုင်...

ဆရာခင်ဗျ ခရမ်း နဲ့ ခရမ်းချဥ်စိုက်မဲ့မြေကို အခုပုံပါ ပေါင်းအုပ်ဆေးလေး ပါးပါးဖျန်းခဲ့ပါတယ်ခင်ဗျ အန္တရာယ်ရှိနိုင်ပါသလားခင်ဗျ မနှစ်ကတော့အခြားပေါင်းအုပ်ဆေး ဖျန်းဖူးပါတယ်ခင်ဗျ

စိုက်ပျိုးနည်း ခရမ်းချဉ်
Post image

ဖြေကြားချက် ၂ ခု

259,693 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပုံပါ ပေါင်းသတ်ဆေးသည် မက်တိုလာကလော (Metolachlor 72% EC) ဖြစ်ပြီး ခရမ်းနှင့် ခရမ်းချဉ်ပင်များ မစိုက်ပျိုးမီ မြေပြင်ချိန်တွင် စနစ်တကျ အသုံးပြုပါက အန္တရာယ်မရှိ စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။ ဆေးဖျန်းရာတွင် မြေဆီလွှာတွင် အစိုဓာတ်ရှိရန် လိုအပ်ပြီး ဆေးဖျန်းပြီးနောက် အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့် စောင့်ဆိုင်းပြီးမှသာ ပျိုးပင်များကို ရွှေ့ပြောင်းစိုက်ပျိုးရပါမယ်။ ပျိုးပင်စိုက်သည့်အခါ အပင်မြစ်များသည် ဆေးလွှာနှင့် တိုက်ရိုက်မထိမိစေရန် ခပ်နက်နက် စိုက်ပေးရမည်ဖြစ်ပြီး၊ အစေ့တိုက်ရိုက်ချစိုက်မည့် အခင်းများတွင်မူ ဤဆေးကို လုံးဝ (လုံးဝ) မသုံးစွဲရန် သတိပြုရပါမယ် ခင်ဗျာ။

7,346 လွန်ခဲ့သော ၃ လ က

ကျေးဇူးအထူးတင်ပါတယ်ခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အစိမ်းရောင်လမ်း မှ စိုက်ပျိုးရေး ဆရာဆရာမ များခမျာ ကျနော့်အနေနဲ့ ထုံး နဲ့ ဒုတ်ထာ ရောစပ်ပြီး ဘော်ဒိုဆေး ဖော်စပ်...

ဖြေကြားချက် 1 ခု

ခရမ်းချဥ် အမိုးမပါပဲ မိုးရာသီစိုက်လို့ရပါသလားခင်ဗျာ။ ဘယ်မျိုးကိုရွေးချယ်ရမလဲ။ ကချင်ပြည်နယ်/မိုးကောင်းမြို့နယ်က...

ဖြေကြားချက် 4 ခု

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျ...

ဖြေကြားချက် 2 ခု

ဘာရောဂါဖြစ်တာလဲဗျ အသီးတင်မှုလဲ နည်းတယ်

ဖြေကြားချက် 1 ခု

ဆရာခင်ဗျ ခရမ်းချဥ်အခရမ်းခေါင်းစိုက်ရန်အတွက် တာရာဖစ် ထည့်ပီး လေး ငါးစပ်လောက် ထည်ရေးပြင်ထားပါတယ်ဗျ.. ထုံးထပ်ထည့်...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။