တိုင်ထောင်ပဲတောင့် ရှည် ပုရွက်ဆိတ် ကိုက်နေတာက ကာကွယ်စရာလိုမလို ပြောပြပေးပါအုံးဗျ လိုအပ်ရင်လဲ ဘယ်လိုကာကွယ်ရမလဲ...
တိုင်ထောင်ပဲတောင့် ရှည် ပုရွက်ဆိတ် ကိုက်နေတာက ကာကွယ်စရာလိုမလို ပြောပြပေးပါအုံးဗျ လိုအပ်ရင်လဲ ဘယ်လိုကာကွယ်ရမလဲပေါ့
တိုင်ထောင်ပဲတောင့် ရှည် ပုရွက်ဆိတ် ကိုက်နေတာက ကာကွယ်စရာလိုမလို ပြောပြပေးပါအုံးဗျ လိုအပ်ရင်လဲ ဘယ်လိုကာကွယ်ရမလဲပေါ့
ပိုးစေးနှဲ ကျနေလို့ ပုရွက်ဆိတ် လာတာပါ။ အဆီတာမီပရစ်၊သိုင်ယာမီသိုဇင် တမျိုးမျိုးကို စွဲကပ် ပျံ့နှံဆေးထည့်ဖျန်းပါ။
ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
နွားသေး (နွားကျင်ငယ်ရေ) နှင့် ငရုတ်သီးကို ရောစပ်၍ ပဲတောင့်ရှည်ခင်းတွင် သဘာဝပိုးပြေးဆေးနှင့် အားဆေးအဖြစ် စိတ်ချစွာ တွဲဖက်ဖျန်းနိုင်ပါတယ်။ နွားသေးတွင် ပါဝင်သော နိုက်ထရိုဂျင်က အပင်ကို သန်မာစေပြီး ငရုတ်သီး၏ အစပ်ဓာတ် (Capsaicin) က ပျပိုး၊ လိပ်ပြာဖလံများကို မောင်းထုတ်ပေးနိုင်သည်။ သို့သော် အပင်မလောင်စေရန် နွားသေးကို ၇ ရက်မှ ၁၀ ရက်အထိ အချဉ်ဖောက်ပြီးမှ သုံးရပါမည်။ ဆေးပုံးတစ်ပုံး (လီတာ ၂၀) လျှင် အချဉ်ဖောက်ထားသော နွားသေး ၅၀၀စီစီနှင့် ငရုတ်သီးစစ်ရည် ၁၀၀ စီစီနှုန်းကို ရေနှင့်ရောစပ်၍ နေအေးချိန်တွင် ဖျန်းပေးရပါမည်။ငရုတ်သီးစစ်ရည် စပ်နည်းမှာ ဆေးဖျန်းပုံးတစ်ပုံး (လီတာ ၂၀) အတွက် ငရုတ်သီး ၅၀ ဂရမ် (၂ ကျပ်ခွဲသားခန့်) ကို ညှက်နေအောင်ထောင်းပြီး ရေနွေး ၁ လီတာဖြင့် တစ်ညစိမ်ကာ အဝတ်ပါးဖြင့် အရည်စစ်ယူပါမယ်။
နွားသေးနဲ့ ငရုတ်သီး ရောဖျန်းရင် ရနိုင်လားဗျ
ပုံထဲတွင် တွေ့ရသည့် ပုရွက်ဆိတ်များသည် ပဲပင်ကို တိုက်ရိုက်ဖျက်ဆီးနေခြင်း မဟုတ်ဘဲ၊ ပဲတောင့်ရှည်ပင်များတွင် အဓိကကျရောက်တတ်သည့် ပျပိုး (Aphids) များဆီမှ ရရှိသော အချိုရည်ကို လာရောက်စားသုံးခြင်း ဖြစ်ပါသည်။ ပုရွက်ဆိတ်များနှင့် ပျပိုးများသည် အပြန်အလှန် အကျိုးပြုနေကြပြီး ပုရွက်ဆိတ်များက ပျပိုးများကို အခြားရန်သူများမှ ကာကွယ်ပေးကာ အပင်တစ်ပင်မှတစ်ပင်သို့ ကူးစက်ပြန့်ပွားအောင် သယ်ဆောင်ပေးတတ်ကြပါသည်။ ထို့ကြောင့် ပဲပင်ကို ကာကွယ်ရန်အတွက် ပုရွက်ဆိတ်ထက် ပျပိုးကို အဓိကနှိမ်နင်းရမည်ဖြစ်ပြီး သဘာဝနည်းလမ်းဖြစ်သော တမာဆေးရည်၊ ငရုတ်သီးစိမ်းဆပ်ပြာရည် ဖျန်းခြင်း သို့မဟုတ် ထိရောက်မြန်ဆန်သော ဓာတုပင်လုံးပျံ့ဆေးများ ဖြစ်ကြသည့် အဆီတာမီပရစ် (Acetamiprid) သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid) တို့ကို အရွက်အောက်မျက်နှာပြင်များအထိ နှံ့စပ်အောင် ပက်ဖျန်းပေးရပါမည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာတို့ရှင့်ပဲတောင့်ရှည်အပင်က ပျပိုးလိုလေးတြဖြစ်နေပါတယ်ဘယ်လိုဆေးမျိုးဖျန်းရမလဲရှင့်
ဖြေကြားချက် 2 ခု
ပဲတောင့်ရှည်တွေ ပုံမှာကြည့်ပေးကြပါ ဘာဖြစ်တာလဲ ဘာဆေးဖြန်းရမလဲ
ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျ မြားနီကထုတ်တဲ့သခွား ပဲတောင့်ရှည် ခ၀ဲ ကြက်ဟင်းခါး မုန်လာဥ ခရမ်းရွှေဖရုံတို့ကိုခုလိုမိုးများတဲ့အ...
ဖြေကြားချက် 2 ခု
တမာရွက်ပိုးသတ်ဆေးလုပ်နည်းလေးပြောပြပေးပါ့လားရှင့် ပဲသီးတေယင့်နဲ့ပြောင်းခင်းဖျနိးချင်လို့ပါ ဘနှရက်သားကစဖျန်းလို့...
ဖြေကြားချက် 5 ခု
တိုင်ထောင်ပဲ အတွက် တိုင်စိုက်ရန်.. ကြိုးတန်း ပြေး..ကြိုးခတ်နည်း လေး ပြပေးပါ ခင်ဗျာ.. ့ိ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။