ကျွန်တော်တို့မြေဟာ ခြပုံးများတဲ့အတွက်ပိန္နဲပင် စိုက်ပျိုးရာမှာခက်ခဲပါတယ် ရှင်သန်အောင်ဘယ်လိုစိုက်ရမလဲ ကျေးဇူး...
ကျွန်တော်တို့မြေဟာ ခြပုံးများတဲ့အတွက်ပိန္နဲပင် စိုက်ပျိုးရာမှာခက်ခဲပါတယ် ရှင်သန်အောင်ဘယ်လိုစိုက်ရမလဲ ကျေးဇူးပြု၍ အကြံပေးပါအုံးခင်ဗျာ
ကျွန်တော်တို့မြေဟာ ခြပုံးများတဲ့အတွက်ပိန္နဲပင် စိုက်ပျိုးရာမှာခက်ခဲပါတယ် ရှင်သန်အောင်ဘယ်လိုစိုက်ရမလဲ ကျေးဇူးပြု၍ အကြံပေးပါအုံးခင်ဗျာ
Facebook page မှာ ပျိုးပင်ရောင်းဝယ်ရေး မှာ မှာယူပါ။ စိုက်ပျိုးရေးအတွေ့အကြုံမျှဝေမယ်။groupမှာ ရှာကြည့်ပါ။
ထိုင်းကိုင်းဆက်က ဘယ်မှာဝယ်လို့ရလဲခင်ဗျာ
မြေထဲတွင် ခြပုန်းများရှိနေပါက ပိန္နဲပျိုးပင်ငယ်များ၏ အမြစ်နှင့် အပင်ခြေကို ကိုက်ဖြတ် ဖျက်ဆီးတတ်ပါသည်။ ၎င်းကို ကာကွယ်ရန် မစိုက်ပျိုးမီ မိုးဦးကျကတည်းက ၃ ပေ ပတ်လည် စိုက်ကျင်းတူးပြီး ၁ ပတ်မှ ၂ ပတ်ခန့် နေလှန်း၍ ခြအုံနှင့် ဥများကို ဖျက်ဆီးရပါမည်။ ကျင်းပြန်ဖို့ရာတွင် သစ်ရွက်ဆွေး မြေဩဇာနှင့်အတူ ဖစ်ပရိုနေး (Fipronil) သော ခြသတ်ဆေးခဲများကို မြေကြီးနှင့် သမအောင် ရောမွှေထည့်ရပါမည်။ အပင်သက်တမ်း တိုတိုနှင့် အသီးမြန်မြန် သီးစေရန် ထိုင်းကိုင်းဆက် ပိန္နဲမျိုးများ ကို ရွေးချယ်စိုက်ပျိုးသင့်ပြီး စိုက်ပျိုးပြီးပါကလည်း ပင်ခြေတွင် ခြစာဖြစ်သည့် သစ်ဆွေး၊ သစ်ခြောက်များကို အမြဲရှင်းလင်းထားကာ လိုအပ်ပါက ဆေးရည် လောင်းပေးရပါမည်။
စိုက်ကျင်းထဲကို ၊တလကြိုပြီးမြေပြင်ပါ။မြေခံမှာ fipronil 3G ကိုကျင်းထဲမှာ ဖြူးပြီး စိုက်နိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရေ ဝပ် သော နေရာ ဖြစ် သော ကြောင့် ဘောင် များ ဆွဲ ၍ အုန်း ချို မွှေး ပိန္ဓဲ များ စိုက် ထား ပါ သည် ဘောင် ပေါ် တွ...
ဖြေကြားချက် 5 ခု
ပိန္နဲသီး ပုတ်ပြီးအသီးမတင်တာဘာကြာင့်ခင်ဗျ။
ဖြေကြားချက် 1 ခု
ပိန္နဲပင်က အသီးတော့အများကြီးသီးပါတယ် ဒါပေမယ့် အသီးများများမတင်ပဲ ပုံထဲကလို ဖြစ်သွားတာများပါတယ် နောက်ဆုံးကျရင်...
ဖြေကြားချက် 1 ခု
ပိန်းနဲအပင်ပေါက်ကြီးထွားမူမြန်အောင်ဘာလုပ်ရမလဲဗျ
ဖြေကြားချက် 1 ခု
ငှက်ပျောသီး, ပိန္နဲသီး, ပိန်းဥ, ကန်စွန်းဥ, ရွှေဖရုံသီး, သရက်သီး ဒီသီးနှံတွေရဲ့ ရာသီစထွက်ချိန်, အပေါဆုံး/အထွက်...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။