ဘာရောဂါလဲ ဘာဆေးသုံးသင့်လဲ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၃၉ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အမြစ်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့် နေသာ
ပုံပါ နှမ်းပင်၏ လက္ခဏာကနှမ်း ပင်ခြေပုပ်ရောဂါ (Sesame Stem Rot / Charcoal Rot) ဖြစ်ပါတယ်။ ဒီရောဂါကMacrophomina phaseolina ဆိုသည့် မှိုကြောင့်ဖြစ်ပြီး ပင်ခြေပိုင်းတွင် မည်းညိုရောင် အနာကွက်များဖြစ်ကာ ပင်စည်ကို ရစ်ပတ်သွားသည့်အတွက် အပင်ငယ်များ ရုတ်တရက် ညှိုးသေသွားခြင်း ဖြစ်ပါတယ်။ ရောဂါကျရောက်နေသော အပင်များကို နှုတ်ယူဖျက်ဆီးပြီး ကျန်ရှိသော အပင်များကို ရောဂါမပြန့်ပွားစေရန် အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ (Carbendazim)- ပင်လုံးပျံ့မှိုသတ်ဆေးဖြစ်ပြီး ပင်ခြေထိရောက်အောင် ဖျန်းပေးရပါမယ်။ (Azoxystrobin) -ရောဂါကာကွယ်ရန်နှင့် ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။ ရေဝပ်ခြင်း သို့မဟုတ် အပင် အလွန်အမင်း ရေငတ်ခြင်းဖြစ်ပါက ရောဂါပိုဆိုးတတ်သဖြင့် အစိုဓာတ်ကို မျှတအောင် ထိန်းသိမ်းပါ။ ရောဂါရနေသော အပင်များကို တွေ့သည်နှင့် ချက်ချင်းနုတ်ယူ၍ စိုက်ခင်းအပြင်ဘက်တွင် မီးရှို့ဖျက်ဆီးပါ။ နောင်စိုက်ပျိုးလျှင် ကာဘင်ဒါဇင် ကဲ့သို့ ဆေးများဖြင့် မျိုးစေ့လူးနယ်ပြီးမှ စိုက်ပါ။ နှမ်းကို တစ်ဆက်တည်း မစိုက်ဘဲ ပဲမျိုးစုံ သို့မဟုတ် စပါး၊ ပြောင်း တို့နှင့် သီးလှည့်စိုက်ပျိုးပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
နှမ်း ရက်သား၈ရက် မြေဆီကျွေးလို့ရလားဗျ။
ဖြေကြားချက် 2 ခု
ဆရာတို့ခင်ဗျ.. နှမ်းသက် ၆၀ရက်သားရှိပါပီ မိုးလင်းလို့ ခြေနင်းခံအနေအထားမို့ ဟေဗင် မှိုရောဂါသတ်ဆေးနဲ့ High Tech-2...
ဖြေကြားချက် 2 ခု
ဆရာတို့ရေ ကျွန်တော့်နှမ်းက ၅၆ ရက်သားရှိပါပီ ၄ဧက ကို ၂ဧကလောက်အပွင့်တုံးပီး ၂ဧကလောက်က အတော်သင့် ပွင့်နေဆဲပါ...
ဖြေကြားချက် 2 ခု
အသီးပွင့်လှိုင်နေတုန်းပါ ရေပေး မြေဆီကျွေးထားတယ် အသီးတင်နည်းနေပါတယ် ပွင့်ထွေးပိုးကျထားလို့ပိုးသတ်ဆေးလိုက်ထားပါ...
ဖြေကြားချက် 2 ခု
ဒီအချိန်မှာ ဘာအားဆေးသုံးသင့်လဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။