ဖြေကြားချက် ၁ ခု
ကြက်သန်ကောင်ရောဂါမှာ ခြံလှောင်မွေးသော ဥစားကြက်နှင့် အသားစားကြက်များတွင် အဖြစ်များပါသည်။ ရောဂါဖြစ်ပွားသည့် အကြောင်းရင်း Ascaridia-galli (ခေါ်)သန်လုံးကောင်ရောဂါမှာ ကြက်၏အစာလမ်းကြောင်းတစ်လျှောက် အူလမ်းကြောင်းပိတ်ဆို့ကုန်သည်အထိဖြစ်စေပြီး သေကြေဆုံးရှုံးနိုင်ပါသည်။ ရောဂါလက္ခဏာများ ကြက်၏အူအတွင်း အရွယ်ရောက်ပြီးသန်ကောင်များ စွဲကပ်ပါက အစာချေဖျက်နိုင်စွမ်းကျပြီး ကြက်ထံမှ အာဟာရကို သန်ကောင်က ရယူစားသုံးခြင်းကြောင့် ကြက်များကြီးထွားနှုန်းနှေးခြင်း၊ထုတ်လုပ်မှု ကျဆင်းခြင်း၊ ကိုယ်ခံစွမ်းအားကျခြင်းနှင့် သေဆုံးခြင်းများဖြစ်နိုင်ပါသည်။ ကုသနည်း အရွယ်ရောက်ပြီး ကြက်တစ်ကောင်လျှင် ဘောစကိုင်းရွက် အစိမ်း(၂)ဂရမ်( ဇီးသီးခန့်)ကို တစ်ရက်လျှင် ၂ ကြိမ်နှုန်းဖြင့် ၂ ရက်ဆက် တိုက်ကျွေးခြင်းဖြင့် သန်ချနိုင်သည်။ ဘောစကိုင်းရွက်၊ နာနတ်ရွက်တို့ကို အမှုန့်လုပ်၍ ကြက်စာတွင် ထည့်သွင်းကျွေးမွေးခြင်းဖြင့်လည်း ကုသနိုင်ပါသည်။ ဆောင်းရာသီတွင်ဖြစ်တတ်သော ကြက်ကျောက်နှင့် သန်ကောင်ရောဂါကို ကာကွယ်ကုသနည်းများ
ဆက်စပ်မေးခွန်းများ
သားတင်ထားတဲ့ဝက်မကြီး မထလို့ အစာလဲမစားဖြစ်နေလို့ ဘာဖြစ်တာလဲသိချင်လို့ပါ
ဖြေကြားချက် 1 ခု
ဝက်တစ်လသားလေးတွေအစာမစားပဲဝမ်းသွားနေလို့ဘာလုပ်ရမလည်းဗျာ့
ဖြေကြားချက် 1 ခု
မင်္ဂလာပါရှင့် ကြက်ကျောက်ရောဂါ ကုသနိုင်မယ့်ဆေးအမျိုးအစားနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အတွေ့အကြုံရှိ...
ဖြေကြားချက် 1 ခု
နွားမကြီး မျက်ရေပူတွေကြနေလို့ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးရမလဲ
ဖြေကြားချက် 1 ခု
ကြက်ကနာယိုခြင်းအဖူးအပိတ်ဖြစ်ခြင်းက ဘာရောဂါဖြစ်တာလဲ ဘယ်လိုပြုစုရမလဲ ဘာဆေးတွေတိုက်ရမလဲ ဆေးနာမည်လေးတကွကျေးဇူးပြု၍...
ဖြေကြားချက် 2 ခု