အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
312
လွန်ခဲ့သော ၅ လ က · မအူပင်

စိုင်ခင်းထဲမှာ အခြားခရမ်းချဥ်ပင်တွေက ပုံမှန်အတိုင်းဖြစ်ထွန်းကောင်းမွန်ပြီ အချိို့ဒီလို ခရမ်းချဥ်ပင်တွေက အရွက်...

စိုင်ခင်းထဲမှာ အခြားခရမ်းချဥ်ပင်တွေက ပုံမှန်အတိုင်းဖြစ်ထွန်းကောင်းမွန်ပြီ အချိို့ဒီလို ခရမ်းချဥ်ပင်တွေက အရွက်တွေလိပ်နေတာဘာကြောင့်ပါလဲ မသိလို့ ရှင်းပြပေးပါ ဆရာတို့ရယ်

စိုက်ပျိုး ရေ ခရမ်းချဉ်
Post image

ဖြေကြားချက် ၄ ခု

259,693 လွန်ခဲ့သော ၅ လ က
ဤအဖြေဖြင့် ပြေလည်

စိုက်ခင်းထဲရှိ ခရမ်းချဉ်ပင်များ အရွက်လိပ်ရခြင်းမှာ အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။  ပတ်ဝန်းကျင်ဆိုင်ရာ ဖိစီးမှုဖြစ်တဲ့အလွန်ပူပြင်းသော ရာသီဥတုနှင့် ရေလိုအပ်ချက်နည်းပါးခြင်းတို့ကြောင့် အပင်မှ ရေဓာတ်ကို ထိန်းညှိရန် အရွက်များကို လိပ်ခြင်းဖြစ်နိုင်သည်။ မြေဆီလွှာမှတစ်ဆင့် ကူးစက်သော မြေ ဆောင်မှိုရောဂါများကြောင့်လည်း အရွက်များ ညှိုးနွမ်းပြီး လိပ်တတ်သည်။ အနီးအနားရှိ ပေါင်းသတ်ဆေးများ လွင့်စင်လာခြင်းကြောင့်လည်း အရွက်များ ပုံပျက်ပြီး လိပ်သွားတတ်သည်။ နိုက်ထရိုဂျင်ဓာတ် အလွန်အကျွံများခြင်း သို့မဟုတ် ဖော့စဖရပ်ဓာတ် နည်းပါးခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ဘာကြောင့်ဖြစ်နိုင်မလဲစဉ်းစားကြည့်ပါဦးဗျ။တောင်သူအနေနဲ့ကတော့ ပိုး၊ရောဂါကင်းအောင်‌အမြဲစောင့်ကြည့်ပြီး ရေနှင့် ‌အဟာရလုံလောက်မျှတစွာကျွေးပေးသင့်ပါတယ်၊ အနည်းလိုအဟာရအားဆေးများမဖျန်းရသေးပါကလည်းဖျန်းသင့်ပါတယ်ဗျ။

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၅ လ က
အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၅ လ က
259,693 လွန်ခဲ့သော ၅ လ က

စုပ်စားပိုးရှိမရှိအမြဲတမ်းစစ်ဆေးပါဗျ၊ အရွက်ကြောဝါပြီးလိပ်နေပါကစုပ်စားပိုးကြောင့်ဖြစ်နိုင်တာမို့ သေချာစစ်ဆေးကြည့်ပါဦးဗျ၊ စုပ်စားပိုး တွေ့ရှိပါက စုပ်စားပိုးနိုင်အောင် Fipronil, Dinotefuran ‌တမျိုးမျိုးအသုံး‌ပြုပေးနိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။