အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
87
လွန်ခဲ့သော ၆ လ က · ပခုက္ကူ

ငရုတ်ပင်တွေကြီးပြီးအသီးများအထွက်နှုန်းကောင်အောင်ဘယ်လိုဆေးတွေသုံးပြီ ဘာမြေ​သြဇာကျွေသင့်လဲ နည်းလမ်းလေးပြောပြပါ...

ငရုတ်ပင်တွေကြီးပြီးအသီးများအထွက်နှုန်းကောင်အောင်ဘယ်လိုဆေးတွေသုံးပြီ ဘာမြေ​သြဇာကျွေသင့်လဲ နည်းလမ်းလေးပြောပြပါအုံးဆရာသမားတို့ နှစ်တိုင်စိုက်ပေမဲ့ အထွက်နှုန်းမကောင်းလို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
စိုက်ပျိုးနည်း ငရုတ်သီး

ဖြေကြားချက် ၂ ခု

259,693 လွန်ခဲ့သော ၆ လ က

အပင်တွေကတော့ ကြီးပေမယ့် အသီးနှုန်း မကောင်းဘူးဆိုတာက အာဟာရဓာတ် မမျှတတာနဲ့ ပြုစုပျိုးထောင်မှု အပိုင်းမှာ အနည်းငယ် လိုအပ်ချက်ရှိနေလို့ ဖြစ်နိုင်ပါတယ်ဗျ။ ဒီနှစ်မှာ အထွက်နှုန်း သိသိသာသာ ကောင်းလာစေဖို့ အောက်ပါ အချက်လေးတွေကို စမ်းလုပ်ကြည့်ဖို့ အကြံပြုပါရစေ - အပင်ထိပ်ဖျား နှိပ်ပေးပါ (Topping): အပင်သက်တမ်း (၁) လခွဲကနေ (၂) လဝန်းကျင်မှာ အပင်ထိပ်ဖျားလေးကို ဖြတ်ပေးလိုက်ပါ။ ဒါမှ ဘေးကိုင်းတွေ အများကြီးထွက်လာပြီး ကိုင်းများလေ အသီးသီးမယ့်နေရာ များလေ ဖြစ်မှာပါဗျ။ ပန်းပွင့်အားဆေးနဲ့ အနည်းလိုဓာတ်: အပွင့်တွေ အကြွေသက်သာပြီး အသီးတင်ဖို့အတွက် ကယ်လ်စီယမ်-ဘိုရွန် (Calcium-Boron) ပါတဲ့ အားဆေးကို ပန်းမပွင့်ခင်နဲ့ ပွင့်နေစဉ်မှာ ဖြန်းပေးပါ။ ဒါက ငရုတ်သီး အသားထူပြီး အက်ကွဲတာကိုလည်း ကာကွယ်ပေးပါတယ်။ ပိုတက်စီယမ် ကျွေးပေးပါ: အသီးစတင် သီးလာပြီဆိုရင်တော့ ပိုတက်စီယမ် (Potassium) ပါဝင်မှုများတဲ့ (ဥပမာ- ၁၅:၁၅:၁၅ သို့မဟုတ် ပိုတက်ရှ်) မြေဩဇာကို ကျွေးပေးပါ။ အသီးကို ပိုမိုပြည့်ဖြိုးစေပြီး အရောင်အဆင်း လှပစေပါတယ်ခင်ဗျာ။ ရေကို စနစ်တကျပေးပါ: ပန်းပွင့်နေချိန်မှာ ရေအရမ်းများရင်လည်း ပွင့်ဖတ်တွေ ကြွေတတ်သလို၊ ရေပြတ်ရင်လည်း အပင်နာတတ်ပါတယ်။ မြေကြီးကို အမြဲအစိုဓာတ်ရှိနေအောင် ဂရုစိုက်ပေးရင် အဆင်ပြေပါတယ်ဗျ။

အတည်ပြုပြီး 312,842 လွန်ခဲ့သော ၆ လ က

ပထမအချက်က မျိုးကို သေချာရွေးချယ်ဝယ်ယူပါ။ အထွက်တိုးဖို့အတွက် မျိုးက အရေးကြီးပါတယ်။ မြေဩဇာအနေနဲ့ အပင်သန်စွမ်းဖို့ NPK တွေထည့်ကြပေမယ့် အသီးအပွင့်တွေ အောင်ဖို့အတွက် ဘိုရွန်နဲ့ ကယ်ဆီယမ်ကို မေ့တတ်ကြပါတယ်။ အဲဒီ ၂ မျိုးကိုလည်း ကျွေးပေးဖို့ လိုပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အပင်ငယ်ငယ်လေးနဲ့ အရွက်တေဒီလိုဖြစ်နေလို့ ဘာဖြစ်တာလဲဗျ ဘာဆေးသုံးရမလဲ

ဖြေကြားချက် 2 ခု

မိုးရာသီ ငရုပ်စိုက်တဲ့အခါ ပလစ်စတစ်အကြည်သားကို အပေါ်မှာအမိုးလုပ်ပြီးစိုက်နိုင်ပါသလား

ဖြေကြားချက် 2 ခု

သစ်ရွက်ဆွေးမြေကြီး,နွားချေး, ဆန်ကွဲ, ပြာ ကို မြေဆွေးအဖုစ်သုံးပြီရင် ဘာမပင်တွေစိုက်လို့ရလဲမသိဘူးအကြံပေးကြပါဦးဆ...

ဖြေကြားချက် 3 ခု

ငရုပ်ပင်အဒီလိုဖြစ်နေတာပိုးကြတာလားရောဂါဖြစ်တာလားသိတဲ့ဆရာတို့ပြောပြပါအုံး

ဖြေကြားချက် 4 ခု

ဆရာ ကြက်ဥခွန်ကိုစက်နဲ့အမှုံကြိတ်ပြီးလျှာလကာရည် 10 ဆနဲ့ရောစပ်ပုလင်းထဲကိုထည့်လိုက်တော့ ဆရာ့ပုံမှာပါတဲ့အ​မြှပ်ပူ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။