အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
582
လွန်ခဲ့သော ၆ လ က · ဝက်လက်

ဆရာတို့ဗျ နှမ်းပင် ၂၅ ရက်သားမာ မြေဆီအဖြူကျွေးထားပါတယ် မြေဆီကျွေးပီး ၃ ရက်လောက်အကြာမာ ရွက်ဖျန်းအားဆေး ဖျန်းလို့...

ဆရာတို့ဗျ နှမ်းပင် ၂၅ ရက်သားမာ မြေဆီအဖြူကျွေးထားပါတယ် မြေဆီကျွေးပီး ၃ ရက်လောက်အကြာမာ ရွက်ဖျန်းအားဆေး ဖျန်းလို့ရပါသလား? မြေဆီသက်က ဘယ်ချိန် ကုန်ပါသလဲ? အဖြူကျွေးပီး ရွက်ဖျန်းအားဆေး ဘယ်နှစ်ရက်လောက် ခြားပြီးမှ ဖျန်းသင့်ပါသလဲ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၂၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
တစ်ပင်လုံး
ရာသီဥတု (တစ်ပတ်အတွင်း)
နေရာကွက်ကျားမိုးရွာ
အပင်အာဟာရ နှမ်း

ဖြေကြားချက် ၂ ခု

259,693 လွန်ခဲ့သော ၆ လ က

နှမ်းပင် (၂၅) ရက်သားဆိုတာ အပင်က အားယူပြီး အကိုင်းအခက် ဝေဆာတော့မယ့် အရွယ်ကောင်းလေးမို့ အခုလို မြေဩဇာကျွေးတာ အလွန်မှန်ကန်ပါတယ်ဗျ။ မေးထားတဲ့ အချက်လေးတွေကို တစ်ခုချင်း ရှင်းပြပေးပါရစေ။ မြေဩဇာကျွေးပြီး ဘယ်နှရက်မှာ အားဆေးဖျန်းရမလဲ? မြေဩဇာ (အဖြူ) ကျွေးပြီး (၃) ရက်ဆိုရင် အပင်က အမြစ်ကနေ အာဟာရစုပ်ယူပြီး ကိုယ်ထည် တည်ဆောက်နေပါပြီ။ ဒီအချိန်မှာ အားဆေးဖျန်းလို့ ရနိုင်ပေမဲ့ အကောင်းဆုံးကတော့ ကျွေးပြီး (၅) ရက်ကနေ (၇) ရက်လောက် အကြာမှာ ဖျန်းတာပါ။ အမြစ်ကနေ ရတဲ့ အာဟာရရယ်၊ အရွက်ကနေ ကျွေးတဲ့ အားဆေးရယ် ပေါင်းစပ်လိုက်ရင် အပင်က ပိုပြီး ရုန်းအားကောင်းသွားပါလိမ့်မယ်။ မြေဩဇာ အာနိသင် ဘယ်လောက်ခံသလဲ? ယူရီးယား (အဖြူ) ရဲ့ သဘောက အာနိသင် မြန်သလို ပျောက်တာလည်း မြန်ပါတယ်။ မြေကြီးထဲမှာ စိုထိုင်းဆရှိရင် (၁၀) ရက်ကနေ (၁၄) ရက်ဝန်းကျင်အထိပဲ အာနိသင် ရှိနေတတ်တာပါ။ ဒါကြောင့် အပင်က အားပြတ်မသွားအောင် အခုလို အားဆေးလေး ကြားညှပ်ဖျန်းပေးတာက အပင်ကို ဆက်တိုက် သန်စွမ်းစေမှာ ဖြစ်ပါတယ်။ အခု (၂၅) ရက်သားဆိုတော့ နောက်ထပ် (၅) ရက်လောက်နေရင် (အပင် ရက် ၃၀ ဝန်းကျင်) မှာ ပန်းပွင့်အားကောင်းစေတဲ့ အားဆေး (သို့မဟုတ်) အမိုင်နိုအက်ဆစ် တစ်မျိုးမျိုးကို ဖျန်းပေးပါဗျ။ နှမ်းက ပန်းပွင့်ချိန်မှာ အစာအာဟာရ ပိုလိုတာမို့ အခုအချိန်က အပင်ကို ကြိုတင် ပြင်ဆင်ပေးရမယ့် အချိန်ပါပဲ။

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၆ လ က

အမြစ်ကကျွေးတာ လုံလောက်နေပြီဆိုရင်၊အရွက်က အားဆေးဖျန်းစရာမလိုလောက်ပါဘူး။ လိုအပ်တယ်ထင်လို့ ဖျန်းမယ်ဆိုရင်၊ဖျန်းလို့ရပါတယ်။အလုပ်လုပ်တဲ့နေရာ မတူလို့၊ရက်ခြားစရာတောင်မလိုပါဘူး။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။