ဖြေကြားချက် ၃ ခု
စပါးအနှံမထွက်ခင်ကြွေးတာပိုထိရောက်ပါတယ်စပါးပင်ကြီးထွားမှုသည်စပါးနှံထွက်ရင်ရပ်သွားလို့ပါစပါးအရွက်အရေအတွက်များလေအနှံကောင်းလေဘဲ
စပါးမှာ အစေ့အဆန် အောင်မြင်ဖို့အတွက် စပါးနှံမထွက်ခင် (မှို့ကပ်ချိန်) မှာ ကျွေးတာက ပိုပြီး ထိရောက်မှု ရှိပါတယ်ဗျ။ နှံမထွက်ခင် ၁၅ ရက်ခန့်အလိုမှာ ပိုတက်ဆီယမ် မြေဩဇာ ကျွေးပေးခြင်းဖြင့် တစ်နှံမှာပါတဲ့ အစေ့အရေအတွက်ကို များစေသလို အောင်စေ့လည်း ပိုများစေပါတယ်။ နှံထွက်ပြီးချိန်မှာတော့ အစေ့အဆန် တင်းပြည့်ဖို့အတွက် ပိုတက်ဆီယမ် ပါဝင်တဲ့ အရွက်ဖျန်းအားဆေးကို ထပ်မံအသုံးပြုပေးနိုင်ပါတယ်ခင်ဗျာ။
အနှံမထွက်ခင်ပါ။ စပါးအနှံဖွံ့ဖြိုးဖို့ရယ် ဝတ်မှုန်ကူးတာအောင်မြင်ဖို့ရယ် ဝတ်မှုန်ကူးပြီးသွားရင် အစေ့အဆန်ပြည့်ဝဖို့ရယ် အဟာရတွေအများကြီးလိုပါတယ်။ ဒါကြောင့် အနှံအပြင်မထွက်လာခင်ကတည်းက ထွက်လာမယ့်အနှံအတွက် အပင်က အဟာရတွေ အများကြီးယူရပါတယ်။ မထွက်ခင်ကတည်းက ကျွေးမှ အပင်ထဲမှာ ဖြတ်သန်းရတဲ့ဖြစ်စဉ်တွေအတွက် အဟာရပြည့်စုံနေမှာဖြစ်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ရက်90နွေစပါးကျဲခင်း စပါးအနှံစထွက်လာတဲ့အခါ နှံစတိုပီး အသီးကျဲ အစေ့အရေအတွက်နည်းတာဘာကြောင့်လဲ ကျဲခင်းမို့လို့လား
ဖြေကြားချက် 2 ခု
ရက်၉၀ နွေစပါးကျဲခင်း စပါးပင်သက်တမ်းတလျှောက်ဘယ်အချိန်က အစာအများဆုံးစားပီး ဘယ်လိုအချိန်မှာ အစာအများဆုံးကျွေးရမလဲ...
ဖြေကြားချက် 1 ခု
စပါးပင် 1 လ သားပါ အပင်မတက်ဘဲ အပုနေလို့ ဘယ်လိုကုသရမလဲ
ဖြေကြားချက် 2 ခု
စပါးအတွက်ဘယ်လိုမြေသြဇာကပို၍သုံးသင့်ပါသလဲ
ဖြေကြားချက် 5 ခု
ရက် ၉၀ ဆောင်းသီးနှံကြဲခင်းအတွက် မြေခံ P အိတ်ဝက် Kတစ်စိတ် ကိုခြေံမှာမပက်ဘဲ အပင်ပေါက်ပြီး 15 ရက်သားမှာ N အိတ်ဝက်...
ဖြေကြားချက် 1 ခု