ဖြေကြားချက် ၃ ခု
"မင်္ဂလာပါ ကိုလတ်ခင်ဗျာ။ နွေရာသီ အပူရှိန်ပြင်းတဲ့အခါ ခရမ်းချဉ်ပင်တွေ ပင်ပန်းနွမ်းနယ်တာ၊ အပွင့်ကြွေတာနဲ့ အသီးမတင်တာတွေ ဖြစ်တတ်ပါတယ်။ အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ပြီး အသီးအထွက်နှုန်းကောင်းစေဖို့ အောက်ပါအတိုင်း လုပ်ဆောင်ပေးဖို့ အကြံပြုအပ်ပါတယ် - ၁။ အသုံးပြုသင့်သော ဆေးအမျိုးအစားများ အမိုင်နိုအက်ဆစ် (Amino Acid) နှင့် ပင်လယ်မှော် (Seaweed): အပင်ကို အပူဒဏ်ကြောင့်ဖြစ်တဲ့ ဖိစီးမှု (Heat Stress) ကနေ အမြန်ဆုံး လန်းဆန်းလာစေပြီး စွမ်းအင်ချက်ချင်း ရရှိစေပါတယ်။ ကယ်လ်စီယမ် + ဘိုရွန် (Calcium Boron): အပူကြောင့် အပွင့်မကြွေအောင်နဲ့ အသီးတင်နှုန်း ကောင်းမွန်အောင် ကူညီပေးပါတယ်။ ပိုတက်ဆီယမ် (Potassium) ပါသောအရွက်ဖျန်းအားဆေး: အပင်အတွင်း ရေဓာတ်စီးဆင်းမှုကို ထိန်းညှိပေးလို့ အပင်နွမ်းတာကို ကာကွယ်ပေးပါတယ်။ စိုက်ပျိုးပြုစုမှုဆိုင်ရာ အကြံပြုချက်များ ဆေးဖျန်းချိန်: နေပူရှိန်ပြင်းတဲ့ မွန်းလွဲပိုင်းမှာ ဆေးဖျန်းတာကို ရှောင်ပါ။ ညနေခင်း အေးမြတဲ့အချိန်မှာ ဖျန်းပေးတာက ဆေးအာနိသင် အထိရောက်ဆုံး ဖြစ်စေပါတယ်။ ရေပေးဝေမှု: အစိုဓာတ်ကို ညီညာအောင် ထိန်းပေးပါ။ ရေပြတ်လိုက်၊ ရေများလိုက်ဖြစ်ရင် အသီးပုပ်ရောဂါ (Blossom End Rot) ဖြစ်တတ်ပါတယ်။ ပိုးမွှားကာကွယ်ရေး: အပူချိန်တက်ရင် ယင်ဖြူကောင် (Whitefly) နဲ့ လှေးပိုး (Thrips) ကျရောက်မှု များတတ်လို့ ဗိုင်းရပ်စ်ရောဂါ မဝင်အောင် ကြိုတင်ကာကွယ်ထားသင့်ပါတယ်ဗျ။ ဒီနည်းလမ်းတွေအတိုင်း လုပ်ဆောင်မယ်ဆိုရင် အပူဒဏ်ကြားကနေ ဈေးကောင်းရမယ့် အချိန်မီ ခရမ်းချဉ်သီးတွေကို အောင်မြင်စွာ ရိတ်သိမ်းနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။"
ခရမးချဥ်အပးဒါဏ်ခံနိုင်တဲ့ဆေးတော့မသိပါအပူဓာဏ်ခံနိုင်မို့ဒါက်န်ခံနိုင်တဲ့ခရမ်းချဥ်မျိုးကတော့ကျားချေရာလို့ခေါ်တဲ့မြန်မာခရမ်ချဥ်မျိုးဘဲဖြစ်တယ်
Bio stimulant ဆေးတွေဖြစ်တဲ့၊humic, fulvic acid, amino acid, seaweed,Ca+Bစတဲ့ဆေးတွေ တမျိုးမျိုးကို ၇ရက်ခြားဖျန်းပေးပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပန်းက အဖူးအပွင့်တော့ဝင်နေပီ အရပ်မထွက်လို့ GA3 ဖြန်းလို့ရသေးလားဗျ
ဖြေကြားချက် 1 ခု
ဒီနှစ်ပဲရာသီမှာPGR.upသဘာဝရွက်ဖျန်းမြေဩဇာဖျန်းလို့အဆင်ပြေနိုင်မလားဆရာမနှစ်ကတော့သုံးခဲ့ပါတယ်
ဖြေကြားချက် 2 ခု
GA3 ကိုအရည်ဖျော်ပီး ရေသွင်းတဲ့အခါ ရေနဲ့အတူမျှောပီး ကြွေးလို့ရလားဗျ
ဖြေကြားချက် 1 ခု
ဂျစ်ဘရစ်လစ် အက်စစ်က ဆေးပြားဆိုရင် တပြားကိုတပုံးဖြန်းရတာလားဗျ ပန်းက 2လခွဲတော့ရှိပီ
ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျ ဆိုင်တိုကိုင်နင်ဟိုမုန်းကို သဘာဝအတိုင်းလုပ်ယူလို့ရလားဗျ နည်းလမ်းရှိရင်ပြောပေးပါ ဝယ်မရလို့ပါ
ဖြေကြားချက် 4 ခု