အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
4,727
လွန်ခဲ့သော ၁၀ လ က · ဒိုက်ဦး

ဆရာ ဒို့ဦးလေးခင်ဗျာ မျိုးစေ့လူးနယ်ဆေး ကိုကြိုတင်ပီး လူးနယ်ထားလို့ရလားခင်ဗျာ တစ်ရက်ကြိုတင်ပီးတော့ ဆေးလူးပီးရင်...

ဆရာ ဒို့ဦးလေးခင်ဗျာ မျိုးစေ့လူးနယ်ဆေး ကိုကြိုတင်ပီး လူးနယ်ထားလို့ရလားခင်ဗျာ တစ်ရက်ကြိုတင်ပီးတော့ ဆေးလူးပီးရင် ပြန်ပီးအခြောက်ခံရသေးလားခင်ဗျာ ပြန်လည်ဖြေကြားပေးစေလိုပါတယ်

အပင်အာဟာရ ပဲလွမ်း မျိုးစေ့လူးနယ်ဆေး
2

ဖြေကြားချက် ၂ ခု

393 လွန်ခဲ့သော ၁၀ လ က

မျိုးစေ့တွေကို မှို ဆေးစီရင်ရာမှာ အညွှန်းစာပြည့်စုံသော မှိုသတ်ဆေးကို အသုံးပြုပါ၊ ဖန်ဘူး၊ သံဘူးထဲ တွင် တဝက်မပြည့်တပြည့်ဖြည့်ထားသော မှိုသတ်ဆေး+မျိုးစေ့များကို ၃-၅ မိနစ်ခန်. အဖုံးလုံလုံထားပြီး လှုပ်ပေးပါ။ (၂) အထုပ်ဖြင့်လာပါက အထုပ်ထဲတွင် မှိုသတ်ဆေးအနည်းငယ်ထည့်ပီးမှ လှုပ်ပေးပါ။ (၃) မျိုးစေ့ပမာဏများပြားပါက လှည့်စက်၊ အရောမွှေစက်များဖြင့် သေသေချာချာ အချိန်သတ်မှတ် လှည့်မွှေပေးပါ။ (၄) မျိုးစေ့စီရင်ရန် အရည်ပျစ်များဖြင့်လာပါက မျိုးစေ့ခပ်များများကို ပိုမိုအဆင်ပြေ ပြေ မွှေလှုပ်ပေးနိုင်ပါတယ်။ (၅) မျိုးစေ့စီရင်ပီးသားဖြစ်ပါက ထပ်မံ မျိုးစေ့စီရင်ရန် အကြံမပြုပါ။ ဒါ့အပြင် (၁) ဆေးစီရင်ပြီး မျိုးစေ့များနဲ့ မှိုသတ်ဆေးအများစုဟာ အဆိပ်သင့်ရန် အလားအလာရှိလို့ ဂရုတစိုက် သတိ ထားကိုင်တွယ်ပါ၊ (၂) အငွေ့အမှုန်များကို ရှူမိခြင်းကနေ ရှောင်ကြဉ်နိုင်ရန် မျက်နှာဖုံး အကာအကွယ်ပစ္စည်းများ တပ်ဆင်ထားပါ။ ကလေးသူငယ်များ ၊ အိမ်မွေးတိရစ္ဆာန်များ၊ အိမ်မွေး ကြက်ငှက်များ ဝေးရာတွင် ဆေးစီရင်ပြီး မျိုးစေ့များ၊ မှိုသတ် ဆေးများကို ထားသိုရာမှာလည်း လက်လှမ်းမမီအောင် သော့ခတ်ပါ၊ ဆေးစီရင်ပြီး မျိုးစေ့များကို တိရစ္ဆာန်များကို မကျွေးရပါ။

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၁၀ လ က

ဧက များတဲ့ တောင်သူတွေမှာ ကြိုပြီး ဆေးလူးထားရပါတယ်။ အေးပြီးခြောက်သွေ့နေရာမှာ အိတ်ထဲ သို့မဟုတ် အခင်းပေါ်ပုံထားလို့ရပါတယ်။ နေမလှန်းရပါဘူးခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတ်ပဲကိုမစိုက်ခင် မျိုးစေ့လူးနယ်ဆေး သဘာဝနည်းအတိုင်းပြောပြပါ

ဖြေကြားချက် 1 ခု

ကျဲခင်းစပါးမျိုးစေ့များကို မကျဲပက်ခင် စပါးမှိုရောဂါအတွက် စပါးမျိုးစေ့ကို လူးနယ်ကျဲပက်နိုင်သော ကာကွယ်ဆေးရှိပါ...

ဖြေကြားချက် 3 ခု

စပါးမျိုးညှောင့်ကို လယ်ထဲမကျဲပက်ခင် nitrophenolပါ၀င်တဲ့ အားဆေးနဲ့ လူးနယ်ပီးကျဲပက်လို့ရပါသလား စပါးမျိုးညှောင့်...

ဖြေကြားချက် 1 ခု

နွေနှမ်းစိုက်မလို့ပါ နှမ်းစိုက်ရာမှာ မျိုးစေ့ လူးနယ်ဆေးကို သုံးလို့ရပါသလား ရရင် ဘယ်လိုမျိုး လုပ်ရမလဲ ပြောပြပေး...

ဖြေကြားချက် 2 ခု

ရုံးပတေသီးအစေ့ချစိုက်မလို့ပါ အစေ့100gကို မိူဆေးဘယ်လောက်gနှန်းနဲ့ပိုးသက်ဆေးဘယ်လောက်gနှုန်းလူးနယ်ရမလဲခင်ဗျ မ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။