အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,461
လွန်ခဲ့သော ၁၁ လ က · သာယာဝတီ

ဆရာကြီးတို့ခဗျာ 7-11-2025 မြန်မာလိုတန်ဆောင်မုန်းလပြည့်ကျော် ၃ရက်ရောက်နေပီဗျာ မိုးကမကုန်သေးဘူး မြေတေလဲမခြောက်ရေ...

ဆရာကြီးတို့ခဗျာ 7-11-2025 မြန်မာလိုတန်ဆောင်မုန်းလပြည့်ကျော် ၃ရက်ရောက်နေပီဗျာ မိုးကမကုန်သေးဘူး မြေတေလဲမခြောက်ရေတေလဲမထွက် ဖစ်နေတယ် ပဲစိုက်ဖို့ကဘယ်ချိန်ဘယ်လထိ စိုက်ပျိုးနိုင်လဲဗျ ပဲတိီစိမ်း မတ်ပဲ ဘယ်ပဲကခုရာသီနဲ့ပိုအဆင်ပြေနိုင်လဲဖြေပေးပါအုံးဗျ

စိုက်ပျိုးစီးပွား မတ်ပဲ မတ်ပဲစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

534 လွန်ခဲ့သော ၁၁ လ က

ကျေးဇူးပါ

1,461 လွန်ခဲ့သော ၁၁ လ က

ကျေးဇူးပါဗျ

259,693 လွန်ခဲ့သော ၁၁ လ က

ပဲတီစိမ်းသည်ပျမ်းမျှအပူချိန် ၂၀°C-၃၀°Cအကြားတွင်ရှိမှဖြစ်ထွန်းနိုင်ပြီး မတ်ပဲသည် အပူချိန်၇.၈°C-၂၇.၈°Cကြားတွင်ဖြစ်ထွန်းနိုင်တာကြောင့် အခုရာသီဥတုနဲ့ဆိုရင်နောက်အေးလာတော့မှာဖြစ်တာကြောင့် မတ်ပဲကပိုသင့်တော်ပါတယ်ဗျ၊ သို့သော်လည်း မတ်ပဲသည်လည်း အပင်ပေါက်ချိန်တွင် ၁၈°Cထက်မနိမ့်သင့်တာကြောင့် ရသီဥတုအရမ်းမအေးခင်သို့မဟုတ်ဒီဇင်ဘာလထဲမ ရောက်ခင် ကျဲပက်စိုက်ပျိုးနိုင်လျှင်အကောင်းဆုံးပါဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။