အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
647
လွန်ခဲ့သော ၁၁ လ က · ရပ်စောက်

ပဲတိုင်ထောင်ပါ အပင်ခါးဆစ်မှာ အညိုရောင်မိူလားမသိဘူး တခြားညိုး‌ေသ‌ေနတဲ့အပင်တွေမှာတော့ မရှိဘူး အမြစ်ကလည်းပုတ်နေတာ...

ပဲတိုင်ထောင်ပါ အပင်ခါးဆစ်မှာ အညိုရောင်မိူလားမသိဘူး တခြားညိုး‌ေသ‌ေနတဲ့အပင်တွေမှာတော့ မရှိဘူး အမြစ်ကလည်းပုတ်နေတာမရှိဘူး ညိုးသေနေလို့ပါ တကျင်း မျိူးစေ့ ၃စေ့ စိုက်ထားတာပါ ၃ပင်စလုံးပေါက်ပါတယ် တပင်ညိူသေပြီး ကျန်တဲ့အပင်ပါ တ‌ဖြည်းဖြည်းနှင့်သေလာလို့ပါ ရေလည်းမဝပ်ဘူး ကူညီပါအုံးဆရာ

စိုက်ပျိုး ဗဟုသုတ ဘိုစားပဲ ဘက်တီးရီးယားပင်ညှိုးရောဂါ
Post image

ဖြေကြားချက် ၇ ခု

647 လွန်ခဲ့သော ၁၁ လ က

ဟုတ်ကဲ့ အခုလိုဂရုတစိုက်ပြန်လည်‌ေဖြကြား‌ေပးတဲ့အတွက် ကျေးဇူးပါဗျ

259,693 လွန်ခဲ့သော ၁၁ လ က

အခုမှပုံအားလုံးမြင်ရလို့ပြန်လည်ဖြေကြားပေးပါရစေခင်ဗျာ၊ ဖျူစေရီယမ်ပင်ညှိုးရောဂါ(Fusarium wilt)နှင့် ပင်စည်ပုပ်ရောဂါ(Stem Rot)ကျနေတာပါခင်ဗျာ Hymexazol (ဟိုက်မက်ဇာဇိုလ်)၊ ‌ Foestyl -Al (ဖို့စတိုင်းလ်အလူမီနီယမ်)ဆေးတစ်မျိုးမျိုးကို အပင်ခြေစိုရွှဲအောင်ဖျန်းပေးပါ။‌ အပင်အပေါ်ပိုင်းကိုရွက်ဖျန်းအဖြစ် Propiconazole, Tebuconazole, Azoxystrobin ဆေးတစ်မျိုးမျိုးကို ဖျန်းပေးနိုင်သည်။အထက်ပါနည်းလမ်းများဆောင်ရွက်ပေးပြီးလျင်သို့မဟုတ် ဆေးတစ်မျိုးမျိုးဖျန်းပက်ခြင်းများဆောင်ရွက်အပြီး ၁၀ရက်-၁၅ရက်အကြာမှာ ရောဂါမဆိုးရွားသော အပင်များအနည်းငယ် လန်းလာပါက အချိုးညီမျှစွာပါသောကွန်ပေါင်းမြေဩဇာကို ပုံမှန်ကျွေးနေကျထက် အနိမ့်ဆုံးနှုန်းထားလေးပုံတစ်ပုံသာကျွေးပေးလို့ရပါသည်။ နိုက်ထရိုဂျင်အလွန်အကျွံ့သုံးစွဲပါက မြေချဉ်ပြီးဖျူစေရီယမ်မှိုစပိုးများပေါက်ပွားရန်အားပေးပြီ ရောဂါကိုပိုမိုကျရောက်စေသည်။အချိုးညီမျှစွာပါဝင်သောကွန်ပေါင်းမြေဩဇာကိုသုံးစွဲပေးလျှင်အသင့်တော်ဆုံးဖြစ်သည်။

647 လွန်ခဲ့သော ၁၁ လ က
647 လွန်ခဲ့သော ၁၁ လ က
647 လွန်ခဲ့သော ၁၁ လ က
259,693 လွန်ခဲ့သော ၁၁ လ က

ရောဂါကျစိုက်ခင်းပုံနှင့် ရောဂါကျအစိတ်အပိုင်းပုံအားလုံးကို မြင်ချင်ပါတယ်ဗျ

259,693 လွန်ခဲ့သော ၁၁ လ က

ဘက်တီးရီးယားပင်ညှိုးရောဂါကျနေတာဖြစပါတယ်ခင်ဗျာ၊ Copperoxychloride, Bismerthiazol, Kasugamycin, Oxolinic Acid ပါ ဆေးတစ်မျိုးမျိုး ရောဂါတန့်သည်အထိ ၇ရက်ခြားဖျန်းပေးပါဗျ၊‌ ဆေးဖျန်းပြီးလို့ ရောဂါပြန့်ပွားမှုရှိမရှိဆက်လက်စောင့်ကြည့်ပါဗျ၊ရောဂါရပ်တန့်သွားပြီဆိုမှ အချိုးညီမျှစွာပါသောမြေဩဇာကို ပုံမှန်ထက်လေးပုံတစ်ပုံမျှဖြင့်နှုန်းထားအနည်းငယ်ဖြင့်သာကျွေးပေးပြီး ပုံမှန်အတိုင်းပြုစုပါ၊ အပင်ခြေနားမြေဩဇာကပ်ကျွေးခြင်းမပြုလုပ်ပါနဲ့ အနည်းဆုံး၃လက်မမှ၅လက်မှထိခြား၍ကျွေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။