ဖြေကြားချက် ၃ ခု
သားတက်မဖဲ့ခင် ကိုယ်စိုက်ထားတဲ့မျိုးက ပင်ပုမျိုး/တိုင်လွတ်မျိုး လား၊ ဒါမှမဟုတ် ပင်ရှည်မျိုး/ တိုင်ထောင်မျိုးလား အရင်သိရပါမယ်။ သားတက်ဖဲ့တာကိုတော့ တိုင်ထောင်မျိုးတွေမှာ မဖြစ်မနေလုပ်ပေးသင့်ပါတယ်။ တိုင်လွတ်မျိုးတွေကတော့ မိမိမျိုး အနေအထားအရ လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပါ။ သားတက်ဆိုတာ ပန်းခိုင်တစ်ပါတည်းပါတတ်တဲ့ ဘေးကိုင်းဖြစ်ပါတယ်။ အဲ့ဒီသားတက်ကိုမပယ်ရင် အပင်ရဲ့ အဓိကပန်းခိုင်တွေမှာ အသီးသေးတာ၊ အသီးအရေအတွက်နည်းတာ၊ အသီးရင့်မှည့်ချိန်နောက်ကျတာ၊ ပိုး/ရောဂါကျလွယ်တာ၊ ဆေးဖျန်းရခက်တာ စတာတွေကြုံရတတ်ပါတယ်။ သားတက်ထွက်တဲ့အချိန်ကတော့ ပထမဆုံးပန်းခိုင်စထွက်တဲ့အချိန်မှာ ပင်စည်ကနေ သားတက်တွေထပ်ထွက်ပါတယ်။ အဲ့အချိန်မှာ အဓိကဖဲ့ပေးဖို့လိုပါတယ်။ နောက်တစ်ခုကတော့ လေဝင်လေထွက်မကောင်းရင် အရွက်ညှပ်ပေးတာ၊ ထိပ်ဖြတ်တာ လုပ်ပေးနိုင်ပါတယ်။ အဲ့ဒီလုပ်ငန်းစဥ်တွေအားလုံးကလည်း သားတက်ဖဲ့တဲ့အထဲမှာ ပါပါတယ်။
ဟုတျ
ဒီပုံလေးကိုမြင်ယောင်ကြည့်ပါဗျ ပိုရှင်းသွားအောင်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်အတက်ဖဲ့တာဘယ်အချိန်မှာဘယ်လိုဖဲ့ရတယ်ဆိုတာပြောပြပါလားရှင့်
ဖြေကြားချက် 2 ခု
ဒီရောဂါက သိပ်မကင်းစင်သေးဘူးဗျ ဘယ်လိုလုပ်ရမလဲ မနေ့ကညနေကတော့ စုပ်ဖွားပက်ထားတာ
ဖြေကြားချက် 1 ခု
တချို့အပင်တွေမှာ ဒီလို အရွက်လေးတွေဝါပီး ညိုးနေတာတွေ့ရလို့ ဘယ်လိုဖြစ်တာလဲဗျ
ဖြေကြားချက် 2 ခု
ခရမ်းချဉ်ကို စိုက်တဲ့အခါ မြေခံ(15) ပတ်လည်ထည့်ပြီး နောက်သက်တမ်းတစ်လျှာက်လုံး ရွက်ဖျန်းဆေးတွေနဲ့ဘဲ ဖျန်းရင် အပင်...
ဖြေကြားချက် 1 ခု
ခရမ်းချဉ်ကို မြေခံ၁၅ ပတ်လည်ဘဲထည့်ပြီး ၊ေနာက်ပိုင်းရွက်ဖျန်းအားဆေးနဲ့ဘဲ အပင်အောင်မြင်ဖြစ်ထွန်းနိုင်လားဗျ၊(အင်...
ဖြေကြားချက် 2 ခု