ဖြေကြားချက် ၁ ခု
မြေခံ/ foliar ဘာမှ ဓါတု ဆေးမသုံးဘို့ပါ စိုက်ပျိုးနည်းအမျိုးရှိပါတယ် မြစ်ဝကျွန်းပေါ်ရေကြီးရေမြုပ်နေရာဒေသမာ ဘောင်ခပ်နိမ့်နိမ့်လေးပေါ်မှာ ဝါးခြင်းတွေပြုလုပ်ပြီးစိုက်ပါတယ် မြေဆွေးတထပ် နွာဒချေး စက်ဖွဲပြာ ရောသမပြီး ခြင်းထဲထည့်ပါတယ် ပြီးမှချင်းမျိုးတက်လေးတွေ စိုက်တာပါ ခြင်းထဲမာစိုက်ရင်သတိထားရမာကတော့ ခြင်းခါးလယ်ကျော်ရင်စိုက်လို့ရပါပြီ အပေါ်နားကျမှစိုက်ရင် ချင်းအပင်မြင့်လာရင် ယိုင်လဲသွားနိုင်လို့ပါ နောက်တနည်းကတော့ ဘောင်တင်ပြီးစိုက်တာပါ ဘောင်မှာမြေခံအတွက် ခုနလိုဘဲ မြေဆွေး နွားချေး စက်ဖွဲပြာတို့ကိုသုံးပါ တောင်ယာတွေမာတော့ တောင်ယာစပါးစိုက်ချိန်မာ မိသားစု စားဘို့ ချင်းနနွင်း ရွှေဖရုံ ချဉ်ပေါင် ငရုတ်တို့ပါ စိုက်ထားခဲ့ကြပါတယ် မီးရှို့ထားတဲ့နေရာ မာ ပိုသန်စွမ်းကြပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဂျင်းဝယ်လိုပါသည်ခြံပိုင်ရှင်များတာင်သူများတိုက်ရိုက်ဆက်သွယ်ပေပါး
ဖြေကြားချက် 5 ခု
ဂျင်းစိုက်ပျိုးနည်း သိချင်ပါတယ်
ဖြေကြားချက် 4 ခု
ဂျင်းဒီချိန်စိုက်ပျိုးရင်ဖြစ်ထွန်းပါသလား
ဖြေကြားချက် 3 ခု
လက်ဖက်ပင်ကြားမှာဂျင်းစိုက်ရင်အဆင်ပြေပါ့မလားရှင် ဘယ်ရာသီမှာဂျင်းကိုစိုက်ပျိုးသင့်ပါသလဲရှင်
ဖြေကြားချက် 2 ခု
ချင်း အထွက်ကောင်းအောင်ဘယ်လိုစိုက်မှာလဲ???
ဖြေကြားချက် 4 ခု