အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၇ နှစ် က · ပျဉ်းမနား

သလဲသီး ခေတ်မှီ စိုက်ပျိုးနည်းလေးရှိရင် လမ်းညွန်ပေးပါ။

စိုက်ပျိုးနည်း စွန်ပလွံ

ဖြေကြားချက် ၁ ခု

10,114 လွန်ခဲ့သော ၇ နှစ် က

"သလဲသီးစိုက်ပျိုးခြင်း" သလဲသီးပင်သည် ရေငတ်ဒဏ်ကို ကောင်းစွာခံနိုင်ပြီး အအေးဒဏ် ကို လည်း အတော်ခံနိုင်သည်။ မြေမရွေး စိုက်ပျိုးနိုင်ပြီး နုန်းဆန်သောမြေ တွင် ပိုမို ထွက်ရှိနိုင်သည်။ သလဲပင်ကို အစေ့မှလည်း စိုက်ပျိုးနိုင်သည်။ ကိုင်းဖြတ်စိုက်ခြင်း၊ မြေထုပ်စည်းခြင်းတို့ဖြင့် စိုက်ပျိုးနိုင်သည်။ ကိုင်းဖြတ်၍ စိုက်ပျိုးလိုပါက ကိုး လက်မမှ တစ်ပေခန့် ဖြတ်ယူပြီး ကိုင်းတစ်ခုလုံးကို မြေတွင် မြုပ်၍ ပျိုးထောင်ရသည်။ ပျိုးဘောင်တွင် တစ်နှစ် ၊ နှစ်နှစ်ခန့် ထားပြီးနောက် စိုက်ခင်းသို့ ရွှေ့ပြောင်းစိုက်ပျိုးရသည်။ စိုက်ခင်းတွင် စိုက်ကျင်းများကို နှစ်ပေပတ်လည် နှစ်ပေအနက်တူးပြီး မြေဆွေး သုံးလေးတင်း ထည့်ပေးရသည်။ စိုက်ကျင်းများကို ဆယ်ပေ ခန့်ခွာ၍ တြိဂံပုံ စိုက်စနစ်အရ တူးဖော်စိုက်ပျိုးသင့်သည်။နွေရာသီတွင် အပင်ငယ်များကို ရေမကြာမကြာ လောင်းပေးရသည်။မိုးဦးကျတွင် တစ်ကြိမ်နှစ်ကြိမ် မြေဆွေးကောင်းကောင်း ဖလှယ်၍ ထည့်ပေးရ သည်။ စိုက်ခင်းတွင် နှစ်နှစ် သုံးနှစ်ရှိသောအခါ အသီးစသီးရာ အပင်ခြေမှ နှစ်ပေခွဲခန့်အကွာတွင် ခြောက်လက်မမှ ရှစ်လက်မ အနက် မြောင်းဝိုင်း တူးဖော်ပြီး မြေဆွေးကောင်းကောင်း နှစ်စဉ် ဖလှယ်ပေးရခြင်းဖြစ်သည်။ စိုက်ခင်း တွင် လေးနှစ်မပြည့်မီ ပွင့်သော အပွင့်များကို ဖယ်ရှားခြင်းဖြင့် နောင်အသီးများကို ကောင်းမွန်စေနိုင်သည်။ လေးနှစ်သားမှစ၍ အသီးကောင်းစွာ သီးသည်။ ဒီဇင်ဘာ ၊ ဇန်နဝါရီတွင် တစ်ခါ ၊ စက်တင်ဘာလတွင်တစ်ခါ ၊ အသီးများဆွတ်ခူးနိုင်သည်။ စက်တင်ဘာ အသီးသည် ပိုမိုကောင်းပြီး စျေးလည်းပိုကောင်းသည်။မှည့်မှခူးသော အသီးကို ရက်သတ္တပတ် အနည်းငယ်သာ ထားနိုင်ပြီး မမှည့်မီခူးသော အသီးများကို ခြောက်သွေ့၍ အေးသော အခန်း တွင် ခြောက်လခန့် သိုလှောင်ထားနိုင်သည်။ "သလဲတွင်ကျရောက်တတ်သောဖျက်ပိုးများ" (၁) သလဲသီးလိပ်ပြာ ပိုးတုံးလုံးတို့သည် အပွင့်မှ အသီးကို ဖျက်ဆီးသည်။ (၂) ပင်စည်ဖောက်ပိုး အကိုင်းထိုးဖောက် ဝင်ရောက်ဖျက်ဆီးသည်။ "သလဲတွင် ကျရောက်တတ်သော ရောဂါများ" (၁) သလဲအရွက်နှင့်သီးပြောက်ရောဂါ (မှိုရောဂါ) (၂) ရွက်ပြောက်ရောဂါ (ဘက်တီးရီးယား ရောဂါ) အရွက်ပေါ်တွင် အပြောက်များဖြစ်ပေါ်ပြီး ပြင်းထန်က အရွက်ကြွေကျ တတ်သည်။ (၃) အသီးပုပ်ရောဂါ (မှိုရောဂါ) Credit; စိုက်ပျိုးရေးဦးစီးဌာန

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။