အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
581
လွန်ခဲ့သော ၁ နှစ် က · ကဝ

မနှစ်ကစပါးအပြီးဆောင်းပဲတီစိမ်းပါ အသီးကင်းလေးတွေကြီးမလာဘဲဒီလိုခြောက်သွားတာ ဘာဖြစ်လို့လဲဗျ ဒီနှစ်အတွက်ပြင်ဆင်ရ...

မနှစ်ကစပါးအပြီးဆောင်းပဲတီစိမ်းပါ အသီးကင်းလေးတွေကြီးမလာဘဲဒီလိုခြောက်သွားတာ ဘာဖြစ်လို့လဲဗျ ဒီနှစ်အတွက်ပြင်ဆင်ရအောင်ပါဆရာခဗျ စိုက်ပျိုးနည်းလား မြေဆီလွာလား ပ်ိုးရောဂါလား အပင်အဟာရလား မသိလို့မေးချင်တာလေ ဘာတွေ ရွေးခိုင်းနေတာလဲဗျာ

စိုက်ပျိုးနည်း ပဲတီစိမ်း ပဲတီစိမ်းလှေးပိုး
Post image
Post image
Post image

ဖြေကြားချက် ၄ ခု

259,693 လွန်ခဲ့သော ၁ နှစ် က

လှေးပိုးအကောင်များမတွေ့ရတော့ခြင်း၊လှေးပိုးကြောင့် အရွက်တွန့်တာမျိုးဆက်လက် မဖြစ်တော့ခြင်းဆိုရင်နိုင်တယ်လို့ယူဆရပါမယ်ဗျ။ Nအချိုးများ P,Kအချိုးနည်း အားဆေးနှင့် အနည်းလိုအဟာရများဖြစ်တဲ့ Ca,Boron,Zn တို့လိုအားဆေးများကို အပင်ပန်းမပွင့်ခင်၂ကြိမ်လောက်ဖျန်းပေးသင့်ပြီး၊အသီးပွင့်အားဆေးP,Kအချိုးများအားဆေးကိုပန်းစပြချိန်မှစ၍ ၂ကြိမ်လောက်ဖျန်းပေးသင့်ပါတယ်ဗျ။ဘိုရွန်များများပါအားဆေးကို အပင်ငယ်စဉ်မှာသို့မဟုတ်ပန်းစပြချိန်မှာ ဖျန်းပေးသင့်ပါတယ်။

581 လွန်ခဲ့သော ၁ နှစ် က

ဘိုရွန်အတွက် ကအပင်ဘယ်အရွယ်မှာ ထဲက ထည့်ဖြန့်သင့်လည်းဆရာခဗျ ။ အသီးအပွင့်အားဆေးကို ပန်းမပြခင်ထဲက ဖြန်းရတာလား? ပန်းပြမှစဖြန်းရတာလား? ။ လေးပိုးဆိုးတယ် လေးပိုနိုင်တယ်ဆိုတာ ဘယ်လိုသိနိုင်လဲ ဖြေကြား ပေးပါဦးဆရာတို့ခဗျ ရိုသေလေးစားလျက်ပါ

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၁ နှစ် က

လှေးကြောင့်ဖြစ်တာပါ။လှေးမနိုင်ရင် ဖြစ်လေ့ရှိတာမို့၊လာမည့်နှစ်မှာ နိုက်ထရိုဂျင်များတဲ့ အားဆေးဖျန်းခြင်း၊အပင်ဟော်မုန်းပါသော ရွက်ဖျန်းအားဆေးဖျန်းခြင်း ရှောင်သင့်ပါတယ်။အဲဒီအားဆေးဖျန်းများရင် လှေးပိုဆိုးပါတယ်။

259,693 လွန်ခဲ့သော ၁ နှစ် က

အသီးကင်းလေးတွေခြောက်ရခြင်းအကြောင်းတရားများစွာရှိပါတယ်ဗျ။ သဘာဝပတ်ဝန်းကျင်အပူချိန်မြင့်လို့ ပန်းပွင့်ခြောက်တာအသီးခြောက်တာ၊ ပိုး၊ရောဂါတစ်မျိုးမျိုးကျရောက်လို့ အသီးကင်းတွေခြောက်နိုင်ပါတယ်။ အဟာရမပြည့်ဝလို့အသီးကင်းတွေလည်းခြောက်နိုင်ပါတယ်။ ပုံပါအရတော့ သီးတောင့်ထိုးပိုးများကျနေတာမြင်ရသလို၊ ရောဂါအချို့ကျနေတာကိုလည်းမြင်တွေ့ရပါတယ်ဗျ၊ဘိုရွန်အဟာရချို့တဲ့တာလည်းမြင်တွေ့ရပါတယ်။ ရောဂါနှင့်ပိုးကျရောက်မှုမများဘဲအသီးကင်းခြောက်တာဆိုရင်တော့ ပဲစိုက်တောင်သူတိုင်းအဖြစ်များတယ့် ဘိုရွန်လိုအဟာရချို့တဲ့ခြင်းကြောင့် ပန်းပွင့်ဝတ်မှုန်ကူးနိုင်မှုအားနည်းပြီးအသီး မအောင်မြင်တာမျိုးဖြစ်နိုင်ပါတယ်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။