အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၁ နှစ် က · ဆင်ပေါင်ဝဲ

မကွေးတိုင်း တောင်တွင်းဘက်ကပါ ခိုင်းနွားကို စီးပွားဖြစ် မွေးမြူချင်လို့ပါ။ ဘယ်ကနေစရမလဲဗျာ့။ နွားခြံတည်ဆောက်ပုံ၊...

မကွေးတိုင်း တောင်တွင်းဘက်ကပါ ခိုင်းနွားကို စီးပွားဖြစ် မွေးမြူချင်လို့ပါ။ ဘယ်ကနေစရမလဲဗျာ့။ နွားခြံတည်ဆောက်ပုံ၊ နွားအမျိုးအစား၊ အစားအစာ၊ ရာသီဥတု၊ ကျန်းမာရေး အသေးစိတ် ရှင်းပြပေးပါ။ ရှင်းပြသူ တစ်ဦးတစ်ယောက်ခြင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါသည်

1

ဖြေကြားချက် ၁ ခု

3,178 လွန်ခဲ့သော ၁ နှစ် က

မွေးမြူမည့်ကောင်ရေ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ ဈေးကွက် အခြေအနေတွေ သိမှ ဆွေးနွေးလို့ ရမယ် ထင်ပါတယ်။ စီးပွားရေး လုပ်ငန်းအသွင် လုပ်မယ် ဆိုရင် အသေးစိတ် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ယေဘုယျ အားဖြင့်တော့ ခိုင်းနွားကို (၁) အလှမွေးအတွက် ပြန်ရောင်းဖို့ (၂) ခိုင်းနွားအဖြစ် ပြန်ရောင်းဖို့ (၃) အသားတိုးအဖြစ် ရောင်းဖို့ (၄) ဘာသာရေးပွဲအတွက် ရောင်းဖို့ (၅) မျိုးနွားအဖြသ် ပြန်ရောင်းဖို့ စသည်ဖြင့် ဦးတည်ချက် တစ်ခု ပြတ်ပြတ်သားသား အရင်ချဖို့ လိုပါမယ်။ ပြီးရင် ကိုယ့်ရဲ့ အရင်းအမြစ်တွေ (မြေ၊ အစာရရှိနိုင်မှု၊ ရင်းနှီးမြှုပ်နှံမယ့်ငွေ၊ လုပ်အား စတာတွေ) ကို ပြန်သုံးသပ်ရပါမယ်။ ပြီးရင် ဈေးကွက် ရရှိနိုင်မှုကို ကြိုတင်လေ့လာဖို့ လိုပါတယ်။ ဈေးကွက်က မလိုတာ မွေးလို့ အလုပ်မဖြစ်နိုင်ပါ။ နောက်ဆုံးမှ ဘယ်နွားမျိုး၊ ဘယ်နှစ်ကောင်၊ ဘယ်လိုနည်းနဲ့ မွေးမယ်လို့ စဉ်းစားလို့ ရပါလိမ့်မယ်။

You

ဆက်စပ်မေးခွန်းများ

ဆရာတို့ ဘဲသားပေါက်လေးတေကို ဘလိုပြုစုမွေးမြူရမလဲ ကြက်ရေသောက်ဘူးနဲ့ရေတိုင်လို့ ကိုယ်လုံးနည်းနည်းစိုလဲသေနဲ့ ဖြစ်...

ဖြေကြားချက် 3 ခု

ကြက်မွေးချင်တာ ဒေသကြက်နဲ့ CBကြက်ဘယ်ဟာမွေးရမလဲ အခုမှစမွေးမှာအကောင် ၂၀/၃၀လောက်ဘဲရယ်

ဖြေကြားချက် 1 ခု

ကြက်စာ စျေးကြီးလို့ အေဇိုလာ စိုက်ပျိုးချင်လို့ပါ ဘယ်လို ဆက်သွယ်ရမလဲ ဖြေပေးကြပါအုံး

ဖြေကြားချက် 3 ခု

၀က်မွေးမြူရေးနဲ့ပတ်သတ်ပီးတွင်တွင်ကျယ်ကျယ်လေ့လာစရာအခြေခံတောင်လေ့လာဖို့မတွေ့မိပါဘူးဗျ အဲ့တာကြောင့်၀က်မွေးမြူရေးသ...

ဖြေကြားချက် 1 ခု

ရန်ကုန်အနီးနားက နွားကျင်ငယ် ရောင်းသူများရှိရင် ဆက်သွယ်ပေးလို့ရမလားရှင့် ဝယ်ချင်နေသူရှိနေလို့ပါ

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။