အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
218
လွန်ခဲ့သော ၁ နှစ် က · တောင်ကြီး

ကြံစိုက်ခင်းတွေမှာ ratooning လုပ်တယ်ဆိုတာာ ဘာကို ပြောတာပါလဲ။ Ratoon အကြောင်း ရှင်းပြပေးဖို့ တောင်းဆို ပါရစေ...

ကြံစိုက်ခင်းတွေမှာ ratooning လုပ်တယ်ဆိုတာာ ဘာကို ပြောတာပါလဲ။ Ratoon အကြောင်း ရှင်းပြပေးဖို့ တောင်းဆို ပါရစေရှင့်။

စိုက်ပျိုး ဗဟုသုတ ကြံ ကြံလမိုင်း

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၁ နှစ် က

အထွက်ကောင်းလမိုင်းပြုပြင်နည်းစနစ် Tue, 10 January 2023 ကြံလမိုင်းထားရှိသင့်သောအခြေအနေ။ ခင်းသစ်အထွက်နှုန်း (၂၅) တန်နှင့် အထက်၊ လမိုင်းခင်း အထွက်နှုန်း (၁၅)တန် နှင့်အထက်ထွက်ရှိသောကြံခင်းများ၊ ကြံသက်တမ်းတစ်နှစ်သားထက်မပိုပဲပိုးမွှား/ ရောဂါကျရောက်မှမရှိသောကြံခင်းများ၊လမိုင်းထားရှိချိန်တွင်ရာသီဥတုမပူလွန်းမအေးလွန်းရှိသောအခြေအနေများတွင်လမိုင်းထားသင့်ပါသည်။ မူလကြံခင်းခုတ်သိမ်းခြင်း။ လမိုင်းကြံပင်ပေါက်ညီညာစေရန်လမိုင်းထားမည့်မူလစိုက်ခင်းအားခုတ်သိမ်းရာတွင်တစ်ပတ်ထက်မကျော်လွန်ဘဲအပြီးခုတ်သိမ်းရပါမည်။ပေါက်ပြားထက်ထက်ဖြင့်အခြေကျကျခုတ်၍မြေအောက်(၂)လက်မခန့်နှိုက်ပြီးငုတ်ဖြတ်ပေးရမည်။ကြံခုတ်သိမ်းပြီးကြံရွက်ခြောက်များအားပင်ကြား၊တန်းကြားအတွင်းထွန်ခြစ်ဆွဲ၍ ညီညာစွာဖြန့်ခင်းပေးခြင်းဖြင့်ပေါင်းမြက်ပေါက်ရောက်မှုမှကာကွယ်နိုင်ပြီးမြေအစိုဓါတ်ကိုထိန်းပေးနိုင်ပါသည်။အဆိုပါကြံရွက်ခြောက်များဆွေးမြေ့ပြီးသဘာဝမြေသြဇာလည်းရရှိနိုင်ပါသည်။လမိုင်းပြုပြင်မည့်စိုက်ခင်းသည်ခြရှိခြင်း၊အစိုဓါတ်များခြင်း၊ရေစီးရေလာမကောင်းခြင်း၊ကြွက်ဖျက်ဆီးမှုရှိခြင်း၊မီးဘေးအန္တရာယ်စိုးရိမ်ရခြင်းများရှိပါကကြံရွက်ခြောက်များအားမီးရှို့ပေးသင့်ပါသည်။ မြေပြင်ခြင်းနှင့်ရေသွင်းခြင်း။ မူလစိုက်ပျိုးစဉ်ကမြောင်းနက်နက်တူစိုက်ပျိုးခဲ့သောခင်းသစ်ဖြစ်ပါကထွန်စက်ဖြင့်အလျားလိုက်ထွန်တစ်စပ်၊(၄၅°)ခန့်အလျားစောင်း(ငန်းဇောင်း) ထွန်တစ်စပ်၊ ကြမ်းတစ်စပ်ဝင်၍ လမိုင်းပြုပြင်ပေးရပါမည်။သမရိုးကျစိုက်ပျိုးခဲ့သောခင်းသစ်ဖြစ်ပါကနွားထယ်ဖြင့်ဘယ်ညာတစ်ဘက်စီ၊အသွားအပြန်ဘောင်ဖြိုပေးရပါမည်။ အမြစ်ဟောင်းများပြတ်၍အမြစ်သစ်များထွက်လာစေပါသည်။အစိုဓါတ်ရရှိရန်ဘောင်ကြောင်းအ တိုင်းရေပေးသွင်းခြင်းဖြင့်ပင်ပွားများများရရှိစေပါသည်။ငုတ်ဖြတ်၊ဘောင်ဖြို၊သွင်းရေပေးသွင်းပြီးမြေအောင်းပိုးသတ်ဆေးနှင့်ဓါတ်မြေသြဇာများအားခင်းသစ်နှုန်းထားအတိုင်းထည့်သွင်းပေးရပါမည်။ မြေသြဇာထည့်သွင်းခြင်း။ ကြံလမိုင်းခင်းအားဓါတ်မြေသြဇာထောက်ခံနှုန်းထား(၂:၁:၁)အခြေခံထားပြီးကြံပင်ပွားထွက်ချိန်ကာလအတွင်း(၂-၃) ကြိမ်ခွဲထည့်၍ဘောင်လုံးပေးရပါမည်။အပင်နှင့်မြေအနေအထားအရလိုအပ်ကမြေသြဇာနှုန်းထားပို၍တွက်ချက်ထည့်ပေးရမည်။ အပင်ပြုစုခြင်း။ လမိုင်းပြုပြင်ပြီးတစ်လခန့်အကြာ၌ပင်သေပင်ပျောက်ဖာထေးပေးရပါမည်။ပေါင်းမြက်နှိမ်နင်းခြင်းအားလမိုင်းပြုပြင်ပြီး၄လသားအတွင်းဆောင်ရွက်ပေးရပါမည်။ကြံပင်ပွားထွက်ချိန်ကြံပင်သက်တမ်း(၆၀-၁၂၀) ရက်သားအတွင်းအစိုဓါတ်လုံလောက်အောင်ရေပေးသွင်း၍ယူရီးယားဓါတ်မြေသြဇာကို(၂-၃)ကြိမ်ခွဲထည့်ပြီးဘောင်လုံးပေးရပါမည်။ကြံပင်ယိုင်လဲမှုမှကာကွယ်ရန်မိုးဦးကျကာလတွင်ဘောင်ကြီးလုံးခြင်းကိုမဖြစ်မနေဆောင်ရွက်ပေးရပါမည်။ရေမဝပ်စေရန်ရေထုတ်မြောင်း၊စိမ့်မြောင်း၊ပတ်မြောင်းများဆောင်ရွက်ပေးရပါမည်။ကြံပင်သက်တမ်းတစ်လျှောက်အောက်အရွက်များဝါခြောက်လာပါကကြံရွက်ချပေးရပြီးကြံပင်ပေါ်တွင်အစိမ်းရောင်ကြံရွက်(၁၀)ရွက်မှ(၁၂)ရွက်ခန့်ကျန်ရှိရပါမည်။လမိုင်းခင်းသည်ခင်းသစ်ထက်ပိုးမွှားရောဂါကျရောက်မှုများနိုင်သဖြင့်မျက်ခြေမပြတ်စစ်ဆေး၍ကာကွယ်နှိမ်နင်းပေးသွားရပါမည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။