အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
367
လွန်ခဲ့သော ၂ နှစ် က · ပျဉ်းမနား

ပေါင်းသတ်ဆေးAiများနှင့်အကျိုးပြုပုံများသိချင်လို့ပါ။

စိုက်ပျိုး ဗဟုသုတ စပါး စပါးပေါင်းသတ်ဆေးများ

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ပေါင်းသတ်ဆေးAiများနှင့်သုံးစွဲနိုင်သောပေါင်းပင်အမျိုးအစားများ (1) 2,4-D Amine )(တူးဖိုးဒီ) နှံစားသီးနှံ၊ပြောင်း၊နှံစားပြောင်း၊မြက်ခင်း၊ကြံ၊စပါး၊သစ်တော၊သီးနှံမစိုက်သောမြေတွင်ပေါက်ရောက်သောမြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်နိုင်ပါသည်။ (2) Atrazine (အာထွာဇင်း) ပြေင်းသီးနှံတွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (3) Bensalfuron methyl(ဘန်ဆာလဖြူရန်မီသိုင်း) စပါးတွင်ပေါက်ရောက်သော ရွက်ပြန့်ပေါင်းများနှင့်မြက်မုန်ညင်းများကိုနှိမ်နင်းနိုင်ပါသည်။ (4) Bispyribac sodium(ဘစ်စပိုင်ရီပက်ဆိုဒီယမ်) စပါးသီးနှံတွင်ပေါက်ရောက်သောတစ်နှစ်ခံမြက် မုန့်ညင်းရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (5) Butachlor(ဘတ်တာကလာ) ပျိုးထောင်ကောက်စိုက်စပါး၊တိုက်ကိုက်အစေ့ချစပါးတို့တွင်ပေါက်သော တစ်နှစ်ခံမြက်မုန်ညင်းနှင့် အချို့ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (6) Cyhalofop-butyl(ဆိုင်ဟေလိုဖေါ့ဗျူတိုင်း) စပါးတွင်ပေါက်ရောက်သောမြက်များကိုနှိမ်နင်းနိုင်ပါသည်။ (7) Diuron(ဒိုင်ယူရွန်) ကညွတ်၊သစ်သီးပင်၊ရှောက်သံပုရာပင်၊နာနတ်၊ငှက်ပျောပင်၊ကြံ၊ဝါ၊ငရုတ်ကောင်း၊ပြောင်း၊နှံစားပြောင်းတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မ်ုညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (8) Ethoxysulfuron(အီသောက်စီဆာလဖြူရန်) နှံစားသီနှံ၊စပါး၊ကြံသီးနှံတို့တွင်ပေါက်ရောက်သောရွက်ပြန့်ပေါင်းနှင့်မြက်မုန်ညင်းများကိုနှိမ်နင်းနိုင်ပါသည်။ (9) Fenoxaprop-P-ethyl(ဖီနောက်ဆာပရော့ပီအီသိုင်းလ်) ရွက်ပြန့်သီးနှံတွင်ပေါက်ရောက်သော တစ်နှစ်ခံ၊နှစ်ရှည်ခံမြက်များကိုနှိမ်နင်းနိုင်ပါသည်။ (10) Formesafen(ဖေါ်မီဆေဖန်) ရောက်သောရွပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (11) Gluforsinate ammonium(ဂလူဖိုစီနိတ်အမိုနီယမ်) သစ်သီးခြံတွင်ပေါက်ရောက်သောတစ်နှ်ခံမြက်နှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (12) Glyphosate(ဂလိုင်ဖိုဆိတ်) သီနှံမစိုက်မှီလက်ရှိပေါက်နေသောပေါင်းများပေါ်သို့ပက်ဖျန်းပီး ပေါင်းပင်များသေပါကထယ်ရေးမဲ့၊ထွန်ယက်မှုအနည်းဆုံး သို့ ထယ်ထိုးထွန်မွေပြီးသီးနှံများကိုစိုက်ပျိုးနိုင်သည်။ (13) Haloxyfop-R-methyl(ဟေလောက်ဇီဖေါ့အာမီသိုင်းလ်) သကြားမုန်လာ၊အာလူး၊ရွက်စားဟင်းသီးဟင်းရွင်၊ကြက်သွန်၊လျှော်မျှင်သီးနှံ၊နေကြာ၊ပဲပုတ်၊စတော်ဘယ်ရီတို့တွင်ပေါက်ရောက်သောမြက်များကိုနှိမ်နင်းနိုင်ပါသည်။ (14) Imazethapyr(အီမာဇီသပျာ) ပဲပုတ်နှင့်အခြားပဲမျိုးရင်းဝင်တို့တွင်ပေါက်ရောက်သောမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (15) Oxadiazon(အောက်စီဒိုင်ယာဇွန်) သစ္စာပန်း၊နှင်းဆီ၊သစ်သီးပင်၊ဝါ၊စပါး၊ပဲပုတ်၊နှမ်း၊နေကြာ၊ကြက်သွန်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်း၊ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (16) Oxyfluofen(အောက်စီဖလူရိုဖန်) သစ်သီးပင်၊နှံစားသီးနှံ၊ပြောင်း၊ပဲပုတ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူ၊မြေပဲ၊စပါး၊ဝါ၊ငှက်ပျော၊နှင့်အလှစိုက်အပင်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (17) Paraquat(ပါရာကွပ်) ပေါက်နေသောပေါင်းပင်များပေါ်သို့ပက်ဖျန်းပြီးပေါင်းပင်များသေပါကထယ်ရေးမဲ့၊ထွန်ယက်မှုအနည်းဆုံး သို့ ထယ်ထိုးထွန်‌မွှေပီး သီးနှ့များကိုစိုက်ပျိုးနိုင်သည်။ (18) Pendimethalin(ပန်ဒီမီသလင်) နှံစားသီးနှံ၊ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ပြောင်း၊နှံစားပြောင်း၊နှမ်း၊မြေပဲ၊မုန်လာဥနီ၊နံနံပင်၊အာလူး၊ဝါတို့တွင်ပေါက်ရောက်သောတစ်နှ်စ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (19) Pretilachlor(ပရီတေလာကလော) ရွှေ့ပြောင်းစိုက်စပါး၊အစေ့တိုက်ရိုက်ချစပါးတွင်ပေါက်ရောက်သောမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းအချို့ကိုနှိမ်နင်းနိုင်ပါသည်။ (20) Propanil(ပရိုပနေး) စပါနှင့်ဂျုံတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (21) Pyrazosufuran-ethyl(ပိုင်ရာဇိုဆာလဖြူရန်အီသိုင်းလ်) စပါးတွင်ပေါက်ရောက်သောမြက်မုန့်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (22) Quinclorac(ကွန်ကလိုရက်) တိုက်ရိုက်အစေ့ချစပါးနှင့်ရွှေ့ပြောင်းစိုက်စပါးတို့တွင်ပေါက်ရောက်သောတစ်နှစ်ခံမြက်၊မြက်မုန့်ညင်းနှင့်ရွက်ပြန့်ပေါင်းများကိုနှိမ်နင်းနိုင်ပါသည်။ (23) Quizalofop-P-ethyl(ကွီဇာလိုဖေါ့ပီအီသိုင်းလ်) အာလူး၊ပဲပုတ်၊မြေပဲ၊နေကြာ၊ဟင်းသီးဟင်းရွက်၊ဝါနှင့်လျှော်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံနှင်လျှော်တို့တွင်ပေါက်ရောက်သောတစ်နှစ်ခံနှင့်နှစ်ရှည်ခံမြက်များကိုနှိမ်နင်းနိုင်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးခင်းထဲးမှာပုံထဲးအတိုင်းမြတ်စိမ်းစိမ်းလေးတွေကိုဘယ်ပေါင်းသက်ဆေးနဲ့သက်လိုရပါသလဲးခဗျာ့ရေလဲရှိပါတယ်စပါးခင်းထဲး...

ဖြေကြားချက် 2 ခု

စပါးခင်းထဲကဒေါင်းမြီးပျံမြက်တွေကို ဘယ်လိုနိမ်နှင်းရမလဲ ဘာဆေးတွေသုံးရမလဲဆရာတို့

ဖြေကြားချက် 2 ခု

စပါးကျဲခင်း ရက်၂၀သါးအတွက် ရိုက်ဆေ့ နှင့် ပေါင်းမဟာတွဲဖြန်းလို့ရလားခင်ဗျာ ဆေး၂မျိုးပေါင်းစပ်ပြီးဖျန်းရင် တက်...

ဖြေကြားချက် 2 ခု

ရက် ၉၀ စပါး ၄၀ ရက်မှာ မြက်မုံညင်း တအားများလို့ပါ ဆေးဖျန်းလို့ နိုင်သေးလားဗျ နိုင်သေးရင် ဘာဖျန်းရမလဲဗျ

ဖြေကြားချက် 4 ခု

စပါးခင်းထဲက ဝက်လာမြက်ကို ဘယ်ဆေးနဲ့မှ မနိုင်လို့ ဝက်လာမြက် သီးသန့် သေနိုင်မယ့် ဆေးလေး ပြောပေးကြပါအုံး

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။