အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
7,346
လွန်ခဲ့သော ၂ နှစ် က · ချောက်

မဂ်ပါဆရာကြီး@ဒို့ဦးလေးခင်ဗျ 1. ခရမ်းချဥ်ပင်က မှိုကျတာလား ပိုးကျတာလားခင်ဗျကြည့်ပေးပါအူးဗျ မှိုဆေး - ကာမိုင်စင်...

မဂ်ပါဆရာကြီး@ဒို့ဦးလေးခင်ဗျ 1. ခရမ်းချဥ်ပင်က မှိုကျတာလား ပိုးကျတာလားခင်ဗျကြည့်ပေးပါအူးဗျ မှိုဆေး - ကာမိုင်စင် / မက်တယ်လဇီး ၂၅ ရှိပါတယ်ခင်ဗျ ပိုးဆေး - အမ်-မီဒါ ၂၀ / အဆီဖိတ်ရှိပါတယ်ခင်ဗျ အဲ့ဆေးတွေအသုံးပြုလို့ရလား ပုံလေးတွေ ကြည့်ပေးပါအူးဗျ ။ ၂ ။ ပဲတောင့်ရှည် / တို့စားသခွားပင် / ငရုတ်ပင် / ခရမ်းခေါင်းပင် အရွက်တွေမှာပုံထဲကအတိူင်း အဖြူကွက်အကြောင်းလေးတွေတွေ့ရပါတယ် ငရုပ်ပင်ကတော့အညွှန့်တွေကုတ်နေပါတယ်ဆရာ ပိုးဆေး - အမ်-မီဒါ ၂၀ / အဆီဖိတ် အားဆေး -တောနစ် ၂%အက်စ်အလ် ရှိပါတယ်ခင်ဗျ ။ ပုံလေးတွေသေချာကြည့်ပြီး ဆရာကြီးဒို့ဦးလေးအားတဲ့ချိန်မှ စာပြန်ပေးပါဆရာကြီးခင်ဗျ ။ ဆေးတွေကအဆင်ပြေမပြေနှင့် / ဆေးတွေကဘယ်နှစ်ရက်ခြားတစ်ခါဖျန်းရမလဲဆိုတာ / ဆေးပမာဏ ဆေးဖျန်းပုံးတစ်ပုံးလျှင်ဘယ်လောက်ထည့်ဆိုတာလေးညွှန်ပေးပါအူးဗျ။ အပင်တွေမြေချနေပြီမို့ပါဆရာကြီး၊ ရှေ့တစ်လလောက်က မြေပြင်တဲ့ချိန်မှာ ရွှေမြေသီး ဓာတ်မြေသြဇာ ၁ အိတ် / တာရာဖစ် ၂ အိတ်ထည့်ပြီး ထွန်ရေးညက်နေအောင်ပြုပြင်ထားပါတယ်ခင်ဗျ ဆရာကြီးဒို့ဦးလေးနှင့်စိုက်ပျိုးရေးပညာရှင်များကို အမြဲလေးစားလျှက်ပါ

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်တူတာရွက်ထွင်းပိုး
Post image
Post image
Post image
Post image
Post image
+၄

ဖြေကြားချက် ၁၄ ခု

12,533 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

ရွက်ထွင်းပိုးကျနေတာပါ ခင်ဗျာ။ အကို့ဆီမှာ ရှိနေတဲ့ပိုးသတ်ဆေးတွေထက် Abamectin / Emamectin benzoate အဲဒီ‌ဆေးအဆိပ်တွေကို သုံးပါခင်ဗျာ။ အပင်ရောဂါအတွက် ဖျန်းထားချင်တယ်ဆိုရင်တော့ အကို့မှာရှိတဲ့ မှိုဆေးထဲက တစ်မျိုးနဲ့ရောဖျန်းလို့ရပါတယ်ခင်ဗျာ။

350 လွန်ခဲ့သော ၂ နှစ် က

အကိုကြီးရေ ကျွန်တော်အကြံလေးပေးပရစေ ကျွန်တော်မြင်တာတော့ခရမ်းချဉ်က ပိုးကျတာပါ ဒါမဲ့မှိုပါကာကွယ်ပေးစေရန်မက်တယ်လဇီးနဲ့အဆီဖိတ်သုံးစေချင်ပါတယ်။ ငရုတ်ကိုတော့အမ်မိတာဖြန်းပြီး ရေနဲ့အစာလေးကျွေးစေလိုပါတယ်။ အဖြူကွက်အကြောင်းလေးကခြစ်စားပိုးပါ အဆီဖိတ်သုံးစေချင်ပါတယ်ခင်ဗျာ။ အမှားပါရင်ပြင်စင်ပေးပါဆရာတို့ခင်ဗျ။ ကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိပါတယ်

အတည်ပြုပြီး 216,528 လွန်ခဲ့သော ၂ နှစ် က

အစီဖိတ်ဖျန်းပါအမီဒါမသုံးပါနင့် ဆေးဓာတ်ကြွင်းသက်တန်းကြာလို့အန္တရယ်ရှိပါတယ်

အတည်ပြုပြီး 216,528 လွန်ခဲ့သော ၂ နှစ် က

ခရမားခဥ်ပင်ရွက်ထွင်းပိုးကျတာပါပင်လုံးပြန့်ပိုးသတ်ဆေးဖျန်းပါ

7,346 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါဆရာကြီးဒို့ဦးလေးခင်ဗျ ရင်ထဲမှာထာဝရလေးစားအားကျလျှက်ပါဗျ

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၂ နှစ် က

ပြည့်ပြည့်စုံစုံ နဲ့ မေးထားတာတွေ့ရလို့၊ကျေးဇူးတင်ပါတယ်ဗျ။ အပင်လေးတွေက မိုးမရွာလိူ့၊မစိုပြေတဲ့အပြင်၊ရွက်ထွင်းပိုးတွေ ဆိုးရွားစွာတွေ့ရပါတယ်။ ငရုတ်အရွက်ကုပ်တာကတော့၊မွှားကျနေတာနဲ့တူပါတယ်။ အဲသလို စုပ်စားပိုးကျနေချိန်၊ဟိုမုန်းအားဆေးတွေ မဖျန်းပါနဲ့ဦး။ ရှိတဲ့ဆေးတွေထဲက အဆင်ပြေသလို သုံးလိုက်ပါ။ မှိုဆေး မဖျန်းနဲ့ဦး၊မိုးများများရွာပြီးမှ ဖျန်းပါ။ အလန်း ဖျန်းလိူ့ရပါတယ်အေမီဒါ ရောဖျန်းလို့လဲရပါတယ်။ ၇ရက်ခြားပြီး အက်ဆီဖိတ်နဲ့ အလန်း ထပ်ဖျန်းပါ။ အညွန့်ထွက်လာအောင် အစာကျွေး ရေတိုက်ပါ။(မိုးမရွာရင်)

7,346 လွန်ခဲ့သော ၂ နှစ် က

မှိုဆေး / အားဆေး / ပိုးသက်ဆေး ကာမိုင်စင် / တောနစ် / အလန်း အလိုရလားဆရာတကယ်မသိလို့ပါဆရာ

7,346 လွန်ခဲ့သော ၂ နှစ် က

ဆရာအားဆေးက တောနစ်ဆိုရင်ရောအဆင်ပြေလားဆရာ အကုန်ရောဖျန်းလို့ရလားဆရာဖြေပေးပါအူး

12,533 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့၊ တွဲဖျန်းလို့ မသင့်တဲ့ ဆေးတွေလဲ ရှိပါတယ် ၊ အခုပြောတဲ့ဆေး‌က‌တော့ အဆင်ပြေပါတယ်ခင်ဗျာ။

7,346 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ မှိုဆေးနဲ့ပိုးဆေးကရောမဖျန်းရဘူးလို့ကြားဖူးလို့ပါအခုလိုပြောပေးလို့ကျေးဇူးပါဗျ

12,533 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ကဲ့ ၊ အလန်း နဲ့ရပါတယ် ခင်ဗျာ။ ရှိတဲ့မှိုဆေးထဲက တစ်မျိုးနဲ့ရောဖျန်းလို့ရပါတယ် ခင်ဗျာ။

7,346 လွန်ခဲ့သော ၂ နှစ် က

Emamectin benzoate 5% ပါတယ်ဆရာအဲ့ဆေးရွာဆေးဆိုင်မှာရှိတယ်တဲ့ဆရာ အဲ့ဆေးနဲ့ ကာမိုင်ဆင် / မက်တယ်လဇီး မှိုးဆေးတစ်မျိုးမျိုးနဲ့ ရောဖျန်းလို့ရတယ် အလိုပြောတာလားဆရာ

7,346 လွန်ခဲ့သော ၂ နှစ် က
7,346 လွန်ခဲ့သော ၂ နှစ် က

ဟုတ်ဗျ ကျွန်တော်တို့က မြို့နဲ့အရမ်းဝေးတော့ မြို့တက်ဝယ်ရတာအဆင်မပြေလို့ ခေတ်ကလဲမကောင်းတော့မသ​ွားရဲလို့ အဆိူအခုပြထားတဲ့ပိုးသတ်ဆေးတွေကအဆင်မပြေဘူးပေါ့ဆရာ အလန်းနဲ့ဆန်းပိုးသတ်ဆေးတေရောဆရာ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

အခုမှ စပြီး စိုက်ကြည့်တာပါ ခရမ်းချဉ်သီးပင် အရွက်က ပုံထဲကလို ဖြစ်နေပါတယ်။ ကုသဖို့လိုတဲ့ အပင်ရောဂါလား? ကုသနည်း...

ဖြေကြားချက် 3 ခု

ခရမ်းချဥ်က ပိုးလား ရောဂါလားဗျ အခုက ခရမ်းချဥ်သီးက ကောက်တော့နေရပီ ရောဂါ/ပိုး ဖြစ်တာ အနဲငယ်စ တွေ့နေရလို့ပါဗျ

ဖြေကြားချက် 2 ခု

ခရမ်းချဥ်ရွက်ထွင်းပိုးက အပင်ကို ဘယ်လိုဆိုးကျိုးဖြစ်စေပြီးတော့၊ဘာဆေးနဲ့ ဘယ်လို ကာကွယ်နှိမ်နင်းရမလဲဗျ

ဖြေကြားချက် 1 ခု

တောင်ပေါ် မှ မိုးကာလ ခရမ်းချဉ် စိုက်ခင်းလေးပါ ကျရောက်တတ်တဲ့ ရောဂါ နဲ့ ပိုးမွားတွေကို ကြိုပြီး သိထားချင်ပါတယ်...

ဖြေကြားချက် 1 ခု

ရွက်ထွင်းပိုးဆိုးဆိုးရွားရွားကျနေတဲ့ ခရမ်းချဥ်ပင်တွေကို လေးရက်တကြိမ် ဆေးဖြန်းပေးသင့်လားခင်ဗျ..

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။