ဖြေကြားချက် ၁ ခု
မြက်မုန်ညှင်း ကို 2-4D ဆေးအဆိပ်ကို ဖျန်းပါခင်ဗျာ။ သီးနှံ မရှိဘဲဖျန်းချင်တာဆိုရင်တော့ ရေ၄ဂါလံကို 100ccနှုန်းထည့်ဖျန်းပါ။ စိုက်ပျိုးထားတဲ့သီးနှံမရှိတဲ့အတွက် ပိုထည့်ရင်လဲ ရပါတယ်။ (စပါးခင်းထဲသုံးမယ်ဆိုရင်တော့ စပါးသက်တမ်းနဲ့ဆေးနှုန်းထားကိုချိန်ဆပြီးထည့်ရပါမယ်။ဆေးနှုန်းများရင် စပါးပင်ထိပါတယ်ခင်ဗျာ။)
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပေါင်းသတ်ဆေးညွှန်းပေးပါ ဘာမြက်လဲမသိဘူး
ဖြေကြားချက် 1 ခု
အရွက်ထိပ်ဖျားလေးတေ လိန်ကျစ်နေလို့ ရောဂါကျတာလား မှိုကြောင့်လား မသိဖြစ်နေလို့ပါ ဘာဆေးaiတေဖြန်းရမလဲ
ဖြေကြားချက် 2 ခု
ဒီမြက်အမျိုးအစားကို ဘယ်ခေါ်လဲ ခင်ဗျ ဆိုက်ဟေလိုဖော့ 60 cc နဲ့ ဖျန်းတာ အပင် လုံးဝ မကျ လို့ပါ အထိရောက်ဆုံး Ai ကို...
ဖြေကြားချက် 3 ခု
ဆရာတို့ခင်ဗျာ 2 4dထိုင်းဆေးကို ခွေးနီမှုန့်လည်းခေါ်ပါတယ်..သုံးတဲ့သူရှိရင် ၁၆လီတာကိုဘယ်နှစ်ဇွန်းထည့်ရမလဲသိတဲ့သူ...
ဖြေကြားချက် 5 ခု
အက်ဆေးက ဘာပေါင်းပင်တွေ သေနိုင်တာလဲဗျ သုံးစွဲမလို့ ညွှန်ပြပေးပ့အုံး
ဖြေကြားချက် 6 ခု