အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
118
လွန်ခဲ့သော ၂ နှစ် က · အရာတော်

မင်္ဂလာပါ မွန်ပြည်နယ် ကရင်ပြည်နယ်ဘက်တွေနဲ့ ထိုင်းမှာ အများဆုံးထွက်နေတဲ့ အခုလက်ရှိ ရာသီပေါ်သီးနှံ ဒူးရင်းသီးအ...

မင်္ဂလာပါ မွန်ပြည်နယ် ကရင်ပြည်နယ်ဘက်တွေနဲ့ ထိုင်းမှာ အများဆုံးထွက်နေတဲ့ အခုလက်ရှိ ရာသီပေါ်သီးနှံ ဒူးရင်းသီးအကြောင်းနဲ့ ဖြစ်ထွန်းမယ့်ရာသီဥတုအကြောင်းလေးဆွေးနွေးချင်လို့ပါခဗျာ။ ဒူးရင်းပင်ကို မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသမှာ ရေသွင်းပီး စိုက်ပျိုးလို့ ရနိုင်မရနိုင် ဆွေးနွေးပေးစေချင်ပါတယ် ကျနော်တို့အပူပိုင်းဒေသမှာ ပိန္ဒဲသီးပင်တော့ ဖြစ်ထွန်းပါတယ် သီးလဲ သီးကြပါတယ် လေ့လားသလောက် ဒူးရငါးက ပိန္ဒဲလို အကြမ်းမခံ နုတယ်ဆိုတော့ စိုက်ပျိုးလို့ ရနိုင်ပါ့မလားပေါ့။ အကယ်၍ရခဲ့လျင်လဲ သီးနိုင်ပါ့မလားခဗျာ။ စပျစ်ဆို ကျတော်တို့အပူပိုင်းမှာလဲ ရေလောင်းစိုက်တာ အောင်မြင်တော့ ဒူးရင်း စမ်းကြည့်ချင်တာပါ။ ကျေးဇူးပြု၍ပါဝင်ဆွေးနွေးပေးစေချင်ပါတယ်ခဗျာ

စိုက်ပျိုး ဗဟုသုတ ဒူးရင်းသီး
Post image

ဖြေကြားချက် ၂ ခု

118 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးတင်ပါတယ်ခဗျာ

အတည်ပြုပြီး 216,528 လွန်ခဲ့သော ၂ နှစ် က

လက်ရှိဒူးရင်းစိုက်နေတဲမွန်ပြည်နယ်ရန်ကုန်တိုင်နဲ့သံတောင်မှာတော့စိုကိနိုင်ပါတယ်တချို့ကဒူးရင်းကိုရေရွိရင်စိုက်လို့ရတယ်ဆိုပြီးကျောက်ဆည်ရဲရွာတွင်စိုက်နိုင်တယ်လိို့အကြံပေးပြီးအကြီးအကြယ်စိုက်လိုက်တာသိန်းပေါင်းများစွာရှုံးတဲ့သာတကရှိတယ်ဒူးရင်းကအစိုဓာတနံ့အအေးဓာတ်ကိုအဓိကလိုတယ်နောက်အပင်များကပင်တည်းမြုံလို့မျိုမတူတဲ့အပင်များကိုဝတ်မှုံကူးဘို့ထည့်စိုက်ရတယ်ဒါမှအသီးကောင်းကောင်းရနိုင်မယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။