ကွမ်းရွက်ပင်ကို 30 × 40 မြေအကျယ်မှာပင်ကြား၊ တန်းကြား 1ပေပတ်လည်ထားပြီးစိုက်ရင် အပင်ရေဘယ်လောက်ဝင်ဆံ့မလဲ တွက်နည်း...
ကွမ်းရွက်ပင်ကို 30 × 40 မြေအကျယ်မှာပင်ကြား၊ တန်းကြား 1ပေပတ်လည်ထားပြီးစိုက်ရင် အပင်ရေဘယ်လောက်ဝင်ဆံ့မလဲ တွက်နည်းလေးသိချင်လို့ပါ
ကွမ်းရွက်ပင်ကို 30 × 40 မြေအကျယ်မှာပင်ကြား၊ တန်းကြား 1ပေပတ်လည်ထားပြီးစိုက်ရင် အပင်ရေဘယ်လောက်ဝင်ဆံ့မလဲ တွက်နည်းလေးသိချင်လို့ပါ
စိုက်တန်းအရေအတွက်ကို တတန်းတွင်ဝင်ဆံ့အပင်အရေအတွက်နှင့်မြှောက်ပါက စိုက်ကွက်ဝင်ဆံ့အပင်ရေ ရပါမယ် ဉပမာ - ၃၀ ÷ တန်းခြား ၃ = ၁၀ ကို စမှတ် ၁တန်းနှင့်ပေါင်းပါက စိုက်တန်း ၁၁ တန်း ၄၀ ÷ ပင်ခြား ၃ = ၁၃ ပင် (၁ပေ ပို ) ကို စမှတ် ၁ပင် နှင့်ပေါင်းပါက ၁၄ ပင် (တစ်တန်းဝင်ဆံ့) စိုက်တန်း ၁၁ × တစ်တန်းစိုက်ပင် ၁၄ = ၁၅၄ ပင်ဝင်ဆံ့ ပါတယ် စိုက်မြေအကျယ်စတုရန်းပေ ( အလျား × အနံ ) ကို ( ပင်ကြား × တန်းကြား ) နှင့် စားပြီးအကြမ်းတွက်နိုင်ပြီးအတိအကျသိလိုပါကစမှတ်အပင်နှင့်စမှတ်စိုက်တန်းကိုထည့်တွက်ပါ
ပေ 30×40=1200 ကို 1×1 နဲစား ရင်1200 ပင်ဆန့်မယ်
တန်းကြား 3ပေပါဆရာ၊ ရေးတာမှားသွားလို့
၃၀နဲ့၄၀နဲ့မြှောက်၊ ၁နဲ့စား အဖြေရပါမယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းရွက်ခြံ စိုက်ရန် ပင်ကြား တန်းကြား ဘယ်လောက်ထားသင့်လဲခင်ဗျာ။
ဖြေကြားချက် 2 ခု
ကွမ်းခြံစိုက်တဲ့ခါကွမ်းပင်ရေလောင်းတာတစ်နေ့ဘယ်နကြိမ်လောင်းရတာလဲ? ယခုလက်ရှိကတော့တစ်နေကို၂ကြိမ်လောင်းလာတာ၄၅ရက်ရှိ...
ဖြေကြားချက် 3 ခု
ဆရာတို့ရေတစ်ခုလောက်မေးချင်ပါတယ်ကျတော်အခုမှကွမ်းရွက်စစိုက်ဘို့လုပ်နေပါတယ်မစိုက်ခင်မြေကြီးကိုဘာဆေးများဖြန်ရတာလဲ...
ဖြေကြားချက် 1 ခု
ကွမ်းရွက်စိုက်ပျိုးနည်းများရှိရင်တင်ပေးပါလားဆရာတို့ကျွန်တော်ကအခုမှစစိုက်ချင်လို့ပါဆရာအားလုံးကိုလေးစာလျှက်ပါ
ဖြေကြားချက် 1 ခု
ကချင်ပြည်နယ်မှာ ကွမ်းစိုက်လို့ရမရသိချင်ပါတယ်
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။