အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
2
လွန်ခဲ့သော ၂ နှစ် က · ကြို့ပင်ကောက်

ပုဇွန်စိတ်ဘာအစာကိုပိုကြိုက်လဲပြောပြပါ ငါးရှဉ်ကဘာအစာကိုပိုကြိုက်လဲဗျ

အစာကျွေးခြင်း ပုစွန်

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,929 လွန်ခဲ့သော ၂ နှစ် က

ပုစွန်စိတ်မျိုးသည်အစုံစားသတ္တဝါဖြစ်၍သဘာဝတွင်ကျောက်စရစ်နှင့်သဲပွင့်အပိုင်းအစအနများ၊အပင်အပိုင်းအစများ၊သတ္တမျှောလှေးများ၊အင်းဆက်သားလောင်းများ၊ဥများ(ငါးဥအပါ)တို့ကိုစားကြသည်။အချင်းချင်းလဲအရေခွံလဲသည့်အခါများ တွင်စားတတ်ကြသည်။ထို့အပြင်အုန်းသီး ဖတ်၊ပဲပုတ်ဖတ်နင့်ထနောင်းဖတ်တို့ကိုလည်းနှစ်ခြိုက်စွာစားတတ်ကြသည်။ ရေချိုငါးရှဉ့်(Swamp Eel)သည်တွင်း အောင်းနေတတ်သည့်သတ္တဝါဖြစ်သည်။အရှင်ထက်အသေကောင်အပုပ်အစပ်များကို ပိုကြိုက်နှစ်သက်သည်။ငါး၊ပုစွန်၊ကဏန်း၊ဖား၊လိပ်ဥ ငါးဥများ၊ကျောရိုးမဲ့သတ္တဝါများ နှင့်အင်းဆက်သားလောင်းများကိုသဘာဝ တွင်စားသုံးကြသည်။တိရစ္ဆာန်အသေကောင် (Dead Animal)ကိုပိုနှစ်ခြိုက်စွာစားကြသည်။ခရုအသားကိုမီးမြှိက်၍ထောင်းပြီး လည်းကျွေးနိုင်သည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။