အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
လွန်ခဲ့သော ၂ နှစ် က · တာမွေ

တိုက်ခန်း​နေသူများအတွက် သီးပင်စားပင် ကို ဘယ်လို စိုက်ပျိုးလို့ရပါသလဲ? စာအုပ်၊ သင်တန်း​ကျောင်း ရှိရင် လမ်းညွှန်...

တိုက်ခန်း​နေသူများအတွက် သီးပင်စားပင် ကို ဘယ်လို စိုက်ပျိုးလို့ရပါသလဲ? စာအုပ်၊ သင်တန်း​ကျောင်း ရှိရင် လမ်းညွှန်​ပေး​စေချက်ပါတယ် ​ကျေးဇူးပါ ...

စိုက်ပျိုးနည်း ချဉ်ပေါင်ဖာလာ

ဖြေကြားချက် ၄ ခု

754 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်

မြေမဲ့စိုက်ပျိုးခြင်းစနစ်ဆိုတာဟာ အပင်များကြီးထွားရန် မြေဆီလွှာမလိုအပ်ဘဲ ရေနှင်အာဟာရသာ အဓိကလိုအပ်တဲ့ အပင်စိုက်ပျိုးခြင်းစနစ်ဖြစ်ပါသည်။ မြေမဲ့စိုက်ပျိုးခြင်းစနစ်သည် မြေဆီလွှာပေါ်တွင် စိုက်ပျိုးခြင်းထက် အပင်ကြီးထွားမှုနှုန်းပိုမြန်ဆန်ပြီး မြေဆီလွှာအတွင်းတွင်ပိုးမွှားများစွာလည်းရှိသောကြောင့် မြေမဲ့စိုက်ပျိုးခြင်းစနစ်သည် ပိုမိုသန့်ရှင်း၍ ပိုးမွှားအလွန်နည်းပါးပြီး ရောဂါပြဿနာများ ပေါ်ပေါက်နှုန်းလည်းနည်းပါးပါသည်။ မြေမဲ့စိုက်ပျိုးခြင်းစနစ်သည် မိုးလုံလေလုံ စိုက်ပျိုးခြင်းအတွက်အကောင်းဆုံးဖြစ်သည့်အတွက် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။ ဓာတုကင်းလွတ်ဟင်းသီးဟင်းရွက်များကိုမိမိကိုယ်တိုင်အလွယ်တကူစိုက်ပျိုးနိုင်တဲ့အတွက် စိုက်ပျိုးသူရင်ထဲတွင်စိတ်ကြည်နူးမှုရရှိစေနိုင်ပါသည်။ မြေမဲ့စိုက်ပျိုးခြင်းစနစ်တွင် အသုံးပြုသော အိုး၏အဖြူရောင်မျက်နှာပြင်သည် အပင်၏အရွက်များပေါ်တွင် အလင်းကို အညီအမျှရောင်ပြန်ဟပ်စေပြီး ကြီးထွားမှုကိုတိုးတက်စေသည်။

754 လွန်ခဲ့သော ၂ နှစ် က
754 လွန်ခဲ့သော ၂ နှစ် က
754 လွန်ခဲ့သော ၂ နှစ် က
You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။