အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၃ နှစ် က · လှိုင်းဘွဲ့

ကျွန်တော်တို့ လှိုင်းဘွဲနယ်ဘက်မှာ စပါးစိုက်တဲ့တောင်သူ အများဆုံးရင်ဆိုင်နေရတဲ့ စပါးပင်အရွက်ဝါခြင်း ပြဿနာတွေနဲ့...

ကျွန်တော်တို့ လှိုင်းဘွဲနယ်ဘက်မှာ စပါးစိုက်တဲ့တောင်သူ အများဆုံးရင်ဆိုင်နေရတဲ့ စပါးပင်အရွက်ဝါခြင်း ပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ #ဖြစ်ရတဲ့အကြောင်းအရင်းက ပိုးကြောင့်လား?ရောဂါကြောင့်လား? အာဟာရကြောင့်လား? #ဘယ်လို ဖြေရှင်းရမလဲ သိချင်ပါတယ်။

ပိုးမွှားရောဂါ စပါး စပါးအာဟာရချို့တဲ့မှု
Post image
Post image
Post image
Post image
Post image
+၂

ဖြေကြားချက် ၂ ခု

9,436 လွန်ခဲ့သော ၃ နှစ် က

အဟာရလိုအပ်ချက်နဲ့အမြစ်ဖွံ့ဖြိုးမှုမကောင်းတာပါ။ဆာလ်ဖာပုလဲနဲ့ ပိုတက်ကိုဆတူရောပြီးကျွေးပေးပါ။ကျွေးပြီးလျှင် ရေထပ်မထည့်ပဲ ၃ရက်ခန့်ထားပါ။ထားပြီးလျှင်မြေအနိမ့်ဆုံးနေရာမှ ဝပ်ကျန်ခဲ့သည့်ရေများကို ပြောင်စင်အောင်ထုတ်ပေးပါ။ရေကိုထပ်မထည့်ပဲ အပေါ်ယံမြေလွှာ အက်လာသည်အထိထားပေးပါ။

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၃ နှစ် က

အမြစ်သစ်ထွက်အားနည်းခြင်း/ရွက်ဖုံးပုပ်​နေတာ​တွေ့ရခြင်း/အရွက်အ​ရေအတွက်နည်းခြင်း/အရွက်ဝါ​ခြောက်ခြင်း..စတာ​တွေ​တွေ့ရပါတယ်။ -အဓိက အချက်ဖြစ်တဲ့ အမြစ်မဖွံ့ဖို့းလို့ အာရချို့တဲ့ရာ ရွက်ဖုံး​တွေ ပုပ်လာရတာပါ။ ​ရေအကြာကြီးလှောင်ထားခြင်း က အမြစ်​တွေ အသက်ရှူကြပ်​စေပါတယ်၊ (​ရေထုတ်ပါ/မထုတ်နိုင်ရင်..​လျော့​ပေးပါ) (ဂျစ်ဆန်နဲ့ ပိုတက်​မြေသြဇာ /ဟူးမစ် ​ရောပြီး ​ရေစပ်စပ်မှာ ပက်​ကျွေးပါ။)

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။