ဖြေကြားချက် ၁ ခု
ဓာတ်မြေဩဇာ အနေဖြင့် ဇီဝတီစူပါမှ တစ်ပါး အခြား ဓာတ်မြေဩဇာများ မသုံးသော ကွမ်းခြံများတွင် ထုံးမှုန့်ပင်လျှင် တစ်ခါတစ်ရံမှ သုံးသည်။ ရေကိုရေဖျန်းပုံးဖြင့် ဖျန်းပေးလေ့ရှိသည်။ ရေသွင်းခြင်း မရှိချေ။ မြေတင်ဘောင်လုံး ပြုလုပ်ပေးသည်။ တစ်ခါတစ်ရံ ရောဂါသတ်ဆေးများ ပက်ဖျန်းတတ်သည်။ ဤကဲ့သို့သော ကွမ်းခြံများသည် ကွမ်းခြံသက် (၃-၄) နှစ် ထားလေ့ရှိသည်။ ဓာတ်မြေဩဇာ သုံးသော ခြံများတွင် ယူရီးယား (၁၅) ပတ်လည် ကွန်ပေါင်းဓာတ်မြေဩဇာ သုံးလေ့ရှိသည်။ မျိုးညွန့်များကို စထရက်တိုမိုက်စင် (Streptomycin) လူထိုးဆေးများကို အရည်ဖျော်၍ ကွမ်းညွန့်များစိမ်၍ စိုက်တတ်သည်။ ရွက်ဖျန်းမြေဩဇာများကိုလည်း ပက်ဖျန်းတတ်သည်။ ရောဂါသတ်ဆေးများကို ပုံမှန်နီးပါး ပက်ဖျန်းပေးသည်။ ရောဂါအကျများသည့် သဘောရှိသည်။ နွေရာသီရောက်သည်နှင့် ကွမ်းခြံကို ဖျက်၍ နောက်နှစ်တွင် စိုက်ရန်တိုင်များတန်းများကို သိမ်းထားပြီး ကွမ်းခြံနေရာကိုကောက်ရိုးဖြန့်၍ မီးရှို့ပစ်လေ့ရှိသည်။ ဤသို့သော ခြံမျိုးသည် ကွမ်းခြံသက် တစ်နှစ်ပင် အထားမခံချေ။ အချိန်တိုတိုနှင့် ကွမ်းရွက်များများ ထုတ်ယူသည့် စနစ်မျိုးဖြစ်သည်။ ကွမ်းစိုက်ဘောင်တွင် သစ်ရွက်များဖြန့် ဖုံးထားသော ဓလေ့ရှိတတ်သည်။ အချို့ကုက္ကိုရွက်ဖြင့် ဖုံးသည်။ အချို့တောဓညင်းရွက်ဖြင့် ဖုံးသည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ယခုမြင်တွေ့ရသောကွမ်းသည်၂လကျော်ပါပြီကွမ်းကောင်းအောင်ဘယ်လိုအဟာရတွေကြွေးပေးရသနည်း
ဖြေကြားချက် 4 ခု
မြေကြီးကိုမှိုဆေးဖျန်းမယ်ဆိုရင်ဘယ်လိုအမျိုးအစားသုံးသင့်ပါသလဲ
ဖြေကြားချက် 2 ခု
ကွမ်းပုံပါအတိုင်းဆီစွန်းရိုးမဲဖြစ်နေပါတယ်ပြောက်ကသးင်းအောင်ဘယ်လိုကုသရမလည်းလမ်ညွန်ပေးပါ
ဖြေကြားချက် 7 ခု
ကွင်းစိုက်ပျိုးနည်း
ဖြေကြားချက် 1 ခု
အရွက်မှာအပေါက်ကလေးတွေဖြစ်နေသာဘာကြောင်းလဲ့
ဖြေကြားချက် 4 ခု