ဖြေကြားချက် ၁ ခု
မြေအမျိုးအစား၊ ငရုတ်မျိုးပေါ်တွင် မူတည်သော်လည်း ယေဘုယျ အားဖြင့် မျိုးစေ့ လေးဆယ်ကျပ်သားလောက် သုံးစွဲကြသည်။ ၎င်းမျိုးစေ့လေးဆယ်ကျပ်သားကို ထရိုင်ဂိုဒါးမား ဗရီဒေ သုံးကျပ်းသားဖြင့်ရောမွှေ၍ သဲပါးပါးအုပ်ထားပါ။ ပျိုးပင်များကို ခါးရိရောဂါကို ကာကွယ်ရန်အတွက် ကော့ပါးအောက်ဆီကလိုရိုဒ် ၁ကျပ်သားကို ရေတစ်လီတာတွင်ဖျော်၍ နှစ်ပတ်တစ်ကြိမ်ဖျန်းပါ။ ကာဗိုဖြူရန် ၃(အခဲ) ပျိုးမည့်မြေတစ်ပေ ပတ်လည်တွင်ခြောက်ကျပ်သားကို အပင်မပျိုးခင် ထည့်ပါ။ အပင်ရွှေ့စိုက်ရသော သီးနှံဖြစ်သည့်အလျှောက် ရာသီဥတုပေါ်မူတည်၍ ပျိုးသက်လေးဆယ်မှ လေးဆယ့်ငါးရက်တွင် စိုက်ခင်းထဲသို့ပြောင်းစိုက်ပါ။ စိုက်ခင်းထဲမှ စိုက်ဘောင်များသည် နှစ်ပေအကျယ်ရှိပြီး အရှည်မှာ စိုက်ပျိုးရန် သင့်တော်သလို ထားနိုင်သည်။ ပျိုးဘောင်ပေါ်တွင် သဘာဝမြေဆွေးကို ထည့်ပါ။ ကောက်ရိုးအနည်းငယ်ကို မီးရှို့ပြာချခြင်းသည် မြေကိုပိုးသတ်ပြီးသား ဖြစ်သကဲ့သို့ ပိုတက်စီယမ် နှင့်ဖော့စဖရပ် အနည်းငယ်ကိုကောင်းစွာ ရရှိစေသည်။ ပျိုးဘောင်ပေါ်တွင် အစေ့များစိုက်ပြီးပါက အပေါ်မှ သစ်ကိုင်းသစ်ခက် အရွက်ဖားဖားများနှင့် အုပ်ထားပေးနိုင်သည်။ အပူကြိုက်သော သီးနှံဖြစ်သည်။ အပူချိန် ၂၈ မှ ၃၀ ဒီဂရီ စင်တီဂရိတ် အတွင်းရှိသော အခြေအနေတွင် ဆယ့်ငါးရက်မှ ရက်နှစ်ဆယ်ရက်ခန့် ကြာလျှင် အစေ့လေးများ အပင်ပေါက်လာပြီးဖြစ်ပြီး အုပ်ထားသည့် သစ်ကိုင်းသစ်ခက်များကို ဖယ်ပေးပါ။ အပူချိန်ပေါ်မူတည်၍ ရက်အနည်းအများရှိသည်။ မျိုးစေ့စတင် ချပြီးချိန်မှ ပျိုးပင်ကလေးများ ကောင်းကောင်းပေါက်ချိန်သည် တစ်လခွဲအထိ ကြာမြင့်တတ်သည်။ စိုက်ခင်းထဲမရွှေ့ခင် တစ်ပတ်ကြာ ရေမသွင်းရပါ။ ရွှေ့မစိုက်ခင် တစ်ရက်အလိုမှ ရေကောင်းကောင်းသွင်းပါ။ မိုးအားကိုး စိုက်သောအခင်းတွင် ပင်ကြားတန်းကြား နှစ်ပေ× တစ်ပေခွဲ၊ ရေသွင်းစိုက်ပျိုးရသော အခင်းတွင် ပင်ကြားတန်းကြား နှစ်ပေ×နှစ်ပေ စီခြား၍ စိုက်ပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ