အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၈ နှစ် က · ပဲခူး

ပဲတီစိမ်းစိုက်ချင်လို့ပါ မြေက စပါးတောင်သိပ်မကောင်းဘူးဖြစ်နေတယ် မလုပ်ဖြစ်တာတော့ 3နှစ်လောက်တော့ရှိပြီ ပဲပြန်လုပ်...

ပဲတီစိမ်းစိုက်ချင်လို့ပါ မြေက စပါးတောင်သိပ်မကောင်းဘူးဖြစ်နေတယ် မလုပ်ဖြစ်တာတော့ 3နှစ်လောက်တော့ရှိပြီ ပဲပြန်လုပ်ကြည့်မလို့ အကိုတို့ရေ အကြံလေးပေးပါအုန်းနော် မြေကမြေစေးပါ

ဖြေကြားချက် ၅ ခု

116 လွန်ခဲ့သော ၆ နှစ် က

မြစ်ဖုမြေဩဇာဆိုတာဘာကိုပြောတာလဲ ဘယ်မှာရနိုင်မလဲ

အတည်ပြုပြီး 95,043 လွန်ခဲ့သော ၈ နှစ် က

သစ်စိမ်းမြေဩဇာ ထည့်ကြည့်ပါလား ပိုက်ဆံလျှော်တို့ ညံပင်တို့လို့

232 လွန်ခဲ့သော ၈ နှစ် က
27,451 လွန်ခဲ့သော ၈ နှစ် က

၁။ ပိုးမွှား ရောဂါဒဏ်ခံနိုင်သော ဈေးကွက်ဝင် အထွက်ကောင်းမျိုးကို ရွေးချယ်ပါ။ (ဉပမာ-ရေဆင်း-၉၊ ရေဆင်း -၁၁၊ ရေဆင်း-၁၄)၂။ အပင်ပေါက်ရာခိုင်နှုန်း (၇၅-၈၅) ရှိသည့် မျိုးကို စိုက်ပျိုးပါ။ ၃။ မြေချဉ်ငံဓာတ် (၅.၅-၆.၅) ရှိပြီး ရေမဝပ်သည့် စနယ်မြေစေး၊ နှံးသမမြေများတွင် စိုက်ပျိုးပါ။ ၄။ မိုးကြို၊ မိုးနှောင်းရာသီတွင် အပင်ဉီးရေ (၁၃၀၀၀၀) ရရှိရန် တန်းကြားပင်ကြား (၁၂ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၆-၈) ပြည် သုံးစွဲပါ။ ၅။ မိုးရာသီတွင် အပင်ဉီးရေ (၈၇၀၀၀) ရရှိရန် တန်းကြား ပင်ကြား (၁၈ လက်မ x ၄ လက်မ) ခြား၍ မျိုးစေ့နှုန်း (၄-၆) ပြည် သုံးစွဲပါ။ ၆။ မြန်မာပြည်အထက်ပိုင်းတွင် မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်၊ မိုးရာသီ၌ မေလလယ်မှ သြဂုတ်လလယ်များတွင် စိုက်ပျိုးပါ။ ၇။ မြန်မာပြည်အောက်ပိုင်းတွင် မိုးနှောင်းသီးထပ်အဖြစ် စိုက်ပျိုးပါက အစိုဓာတ်မီစေရန် နိုဝင်ဘာလတွင်းအပြီး စိုက်ပျိုးပါ။ ၈။ မြေပြင်ချိန်တွင် တစ်ဧက နွားချေး (၁၀၀-၁၅၀) တင်း၊ ပုလဲ (၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ပိုတက်ရှ် (၁၂) ပြည်နှုန်း ထည့်ပေးပါ။ ၉။ ဂျစ်ပဆန်မြေသြဇာကို စိုက်ချိန်တွင် တစ်ဧက ပြည် (၂၀) နှုန်း ထည့်ပေးပါ။ ၁၀။ မြေအောင်းပိုးကာကွယ်ရန် တစ်ဧက လျှင် ဖျူရာဒါန် (၅-၆) ထုပ်ကို စိုက်ကြောင်းတွင် ထည့်ပါ။ ဆောင်းပါးအပြည့်အစုံကိုအောက်ပါလင့်ခ်မှာ လေ့လာပေးပါခင်ဗျ https://greenwaymyanmar.com/posts/cultivation%20of%20green%20gram

အတည်ပြုပြီး 312,842 လွန်ခဲ့သော ၈ နှစ် က

မစိုက်တာကြာရင်တော့ ပဲလည်း အထွက်နည်းနိုင်ပါတယ်။ မြေကြီးထဲမှာ ပဲအတွက်လိုအပ်တဲ့ ရိုင်ဇိုဘီယမ်မြစ်ဖုက အားနည်းနေပါတယ်။ စိုက်မယ်ဆိုရင် မျိုးစေ့ကို မြစ်ဖုမြေဩဇာနဲ့ လူးနယ်ပြီး စိုက်စေချင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။