အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9,764
လွန်ခဲ့သော ၃ နှစ် က · သပိတ်ကျဉ်း

12လ ရာသီမှာ မိုးကာလက ဘယ်လတွေလဲဗျ..။မိုးဦး မိုးနှောင်း မိုးချိုဆိုတာ ဘယ်လတွေလဲဆရာ..။သိတဲ့ဆရာများ ဖြေပေးပါအုံဗျ...

12လ ရာသီမှာ မိုးကာလက ဘယ်လတွေလဲဗျ..။မိုးဦး မိုးနှောင်း မိုးချိုဆိုတာ ဘယ်လတွေလဲဆရာ..။သိတဲ့ဆရာများ ဖြေပေးပါအုံဗျ...။ကျေးဇူးပါ။

စိုက်ပျိုးနည်း မြေပဲ မိုးလေဝသ

ဖြေကြားချက် ၃ ခု

234 လွန်ခဲ့သော ၃ နှစ် က

ကဆုန် နယုံ မျိုးစေုကုန်ဆိုတော့ ကဆုန်လပြည့်မှဝါဆိုလပြည့်ထိသည် မိုးဦးကာလ ဝါဆလပြည့်ကျော်၁ရက်နေ့မှတော်သလင်းလပြည့်ထိသည် မိုးလယ်ကာလ တော်သလင်းလဆုတ်၁ရက်မှတံဆောင်မုန်းလပညြ့်ထိသည် မိုးနှောင်းကာလဖြစ်၍ တန်ဆောင်မုန်းလဆုတ်၁ရက်နောက်ပိုင်းမိုးသည်မိုးလွန်ဟု သတ်မှတ်ရမည် သို့သော် ဲ လူမင်းများစွာသီလပါသောဆိုတဲ့ စကားကြောင့် ဒေဝေါ မိုးနတ်မင်းက ကြည့်လိမ့်မယ် စာရှည်သွားပြီ

14,820 လွန်ခဲ့သော ၃ နှစ် က

ယခုနှစ်အတွက် ♥ မိုးဦးကာလသည် ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်၀င်ရောက်သည့်နေ့မှ ဇွန်လကုန်အထိ ဖြစ်ပါသည်။ ♥ မိုးလယ်ကာလသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ သြဂုတ်လကုန်အထိ ဖြစ်ပါသည်။ ♥ မိုးနှောင်းကာလသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါသည်။

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၃ နှစ် က

ကဆုန်၊ နယုန်၊ဝါဆို၊ဝါ​ခေါင်၊​တော်သလင်း၊ ၅လမှာ..ကဆုန် =မိုးဦး။ ​တော်သလင်း=မိုး​နှောင်းဖြစ်ပြီး ကျန်လများဟာ မိုးလယ်လများဖြစ်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။