အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
174
လွန်ခဲ့သော ၃ နှစ် က · မြန်အောင်

ကွမ်းပင်သေတဲ့အထဲကတွေ့တဲ့ပိုးပါကျွန်တော်တို့ဒေသမှာတော့မြှစ်ပုပ်လို့လည်းခေါ်ကြပါတယ်အစာလောင်တယ်လို့လည်းပြောကြပါ...

ကွမ်းပင်သေတဲ့အထဲကတွေ့တဲ့ပိုးပါကျွန်တော်တို့ဒေသမှာတော့မြှစ်ပုပ်လို့လည်းခေါ်ကြပါတယ်အစာလောင်တယ်လို့လည်းပြောကြပါတယ်ဒီပိုးမွားတွေကဘယ်ကဖစ်လာတာလဲဆရာ၊ဒီကွမ်းပင်ထဲကိုဘယ်လိုဝင်ရောက်လာတာလဲဆရာဘာကြောင့်ကွမ်းပင်သေရတာလဲဆရရောက်လာတာလဲဆရာဘာကြောင့်ကွမ်းပင်သေရတာလဲဆရာ၊ဒီပိုးမွားအမည်ကဘာလဲဆရာ၊ဒီလိုကွမ်းပင်မသေအောင်ဘယ်လိုကာကွယ်ရပါမလဲဆရာကျေးဇူးပြု၍ဖြေကြားပေးပါဆရာ

ပိုးမွှားရောဂါ ကွမ်း
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၃ နှစ် က

​တွေ့ဖူးသ​လောက် က​တော့၊ အမြစ်ပုပ် ပင်စည်ပုပ်​ရောဂါဝင်ပြီးမှ၊ ​လောက်​ကောင်ကျတယ်လို့ထင်ပါတယ်။ အပုပ်နံ့ရရင် ၊ယင်မဲလာမယ်၊ဥချမယ်။ အမြစ်ပုပ်၊ပင်စည်ပုပ် ​ရောဂါက၊ ၂မျိုး ရှိနိုင်ပါတယ်။ stem and foot rot /collar rot နဲ့ rhyzoptonia ​ကြောင့်ဖြစ်တဲ့ အမြစ်ပုပ်​ရောဂါပါ။ နှစ်မျိုးစလုံးအတွက် ကာကွယ်ရန်အ​နေနဲ့.. (တမာကြိတ်ဖတ်၊ထည့်ခြင်း/ထရိုင်ကိုဒါးမားကို တပင်/5ဂရမ် နုန်း ထည့်ခြင်း/ဖို့စတိုင်းအလူမိနိယံ ဖျန်းခြင်း/ဒဏ်ရာ​နေရာကို အဇိုဇီစထိုဘင်၊မက်တလက်ဇီး ​ရေ​ဖျော်သုတ်​ပေးခြင်း ပြုလုပ်နိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။