သဘာဝ ပေါင်းမြက်သတ်ဆေးနည်းမျ ားသိလိုပါတယ် ခင်ဗျ ာကျေးဇူးပြု၍အလင်းပြပေးကြပါဆရာအပေါင်းတို့ ခင်ဗျ ာငေ့်မျေှ ာ်...
သဘာဝ ပေါင်းမြက်သတ်ဆေးနည်းမျ ားသိလိုပါတယ် ခင်ဗျ ာကျေးဇူးပြု၍အလင်းပြပေးကြပါဆရာအပေါင်းတို့ ခင်ဗျ ာငေ့်မျေှ ာ်လျှက်ပါ
သဘာဝ ပေါင်းမြက်သတ်ဆေးနည်းမျ ားသိလိုပါတယ် ခင်ဗျ ာကျေးဇူးပြု၍အလင်းပြပေးကြပါဆရာအပေါင်းတို့ ခင်ဗျ ာငေ့်မျေှ ာ်လျှက်ပါ
၁။ Borax(လက်ချား) လက်ချား ၂၀ အောင်စကို ရေ ၅ ဂါလံဖြင့် ရောစပ်၍ ဆေးဖျန်းပုံးဖြင့်ထည့်၍ ပတ်ဖြန်းနိုင်ပါသည်။ ၂။ အဖြူရောင် ရှာလကာရည်(သို့) Vinegar အဖြူရောင် ရှာလကာရည်ကို စူပါမားကတ်များ၊ စတိုးဆိုင်များတွင် အလွယ်တကူရရှိနိုင်သည်။ ရှာလကာရည်တွင် ၅ရာခိုင်နှုန်း ပါဝင်သော အက်စစ်တစ်မျိုးဖြစ်သည့် အက်စီးတစ်အက်စစ်(acetic acid) သည် ပေါင်းအများစုကို သေစေရန် လုံလောက်ပါသည်။ မရောစပ်ခြင်းဖြင့်လည်း ပတ်ဖြန်းနိုင်ပါသည်။ အဝတ်လျှော်ဆပ်ပြာရည် နှစ်စက်ဖြင့် ရောစပ်၍ပတ်ဖြန်းခြင်းသည် ပို၍ သက်ရောက်မှု ကောင်းစေပါသည်။ ပေါင်းများသေသည်အထိ ထပ်ခါထပ်ခါ ပတ်ဖြန်းပါ။ ပတ်ဖျန်းရာ၌ ၎င်းရေငွေ့ကို မရှုမိစေရန်အတွက် မြေကြီးနှင့်ကပ်၍ ပတ်ဖြန်းပါ။ နံနက်အစောပိုင်းပတ်ဖြန်းပါ။ တခြားသောအပင်များကို မထိတွေ့စေရန် ဂရုစိုက်ပါ။ ၃။ ပင်လယ်ဆားကြမ်းနှင့်ရှာလကာရည် ပင်လယ်ဆားကြမ်းနှင့်ရှာလကာရည်ကို ရောစပ်ဖြစ်၍လည်း ပေါင်းများကို သေစေနိုင်ပါသည်။ ရှာလကာရည် ၁ဂါလံကို ဆား ၁ခွက်ဖြင့် ရောစပ်၍ ပေါင်းများသေသည်အထိပတ်ဖြန်းနိုင်ပါသည်။ အဝတ်လျှော် ဆပ်ပြာရည်အနည်းငယ်ဖြင့် ရောစပ်၍ ပတ်ဖြန်းခြင်းသည် ပို၍ သက်ရောက်မှုအား ကောင်းစေပါသည်။တခြားသောအပင်များကို မထိတွေ့စေရန် ဂရုစိုက်ပါ။ ၄။ မြေဖုံးပေးခြင်း ပလက်စတစ်၊ ကောက်ရိုးဆွေး၊ သစ်ရွက်ဆွေး များဖြင့် ဖုံးအုပ်၍ စိုက်ပျိုးခြင်းသည် နေရောင်ခြည်နှင့် ပေါင်းစေ့များကို တိုက်ရိုက်မထိတွေ့စေသဖြင့် ပေါင်းပင်ပေါက်ရောက်မှုကို လျော့ကျစေသည်။ မြေဖုံး၍ စိုက်ပျိုးခြင်းသည် မြေဆီသြဇာကြွယ်ဝရန် ချေဖျက်ပေးခြင်းနှင့် အစိုဓာတ်ကိုလည်း ထိန်းသိမ်းပေးနိုင်သည်။
ဆက်စပ်မေးခွန်းများ
ပဲပုပ်သာပေါင်းမြို့နယ်မိုးစပါးရိတ်ပြီးလယ်များမှစိုက်လို့ရနှိုင်ပါ့မလား
ဖြေကြားချက် 1 ခု
ပဲအခြေခံတန်ဘိုးမြင့်ထုတ်ကုန်ပြုလုပ်နည်းများ သိချင်ပါတယ်ရှင့်
ဖြေကြားချက် 1 ခု
ပဲကြီးစိုက်ပျိုးနည်း သိချင်ပါတယ်ခမျာ ကျေးဇူးပြု၍ အပြည့်အစုံဖော်ပြပေးပါ
ဖြေကြားချက် 1 ခု
ပဲးကြီးစိုက်နည်သိချင်လို့
ဖြေကြားချက် 0 ခု
ပဲပုတ်ကိုစနစ်တကျစိုက်ပျိုးနည်းသိလို့ပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။