ဖြေကြားချက် ၄ ခု
နှံစုပ်ဂျပိုးအတွက်ဦးစွာပထမကန်သင်းပေါ်ရှိလက်ခံပင်များကိုရှင်းရပါမည်၊(ဒေါင်းစပါးများ၊မြက်သီးပင်များ၊အလေ့ကျပေါက်နေသောစပါးခင်းထက်စော၍နို့ရည်တည်နေသောကန်းသင်ပေါ်ရှိစပါးပင်များ)ကိုရှင်းပေးရပါမည်၊ခြံစပ်နေရာများ၊ခြုံထူသောနေရာများမှာလည်းခိုအောင်းနေတတ်ပါတယ်၊စပါးပင်များနို့ရည်စတည်ချိန်မှာအလျဥ်းသင့်သလိုမနက်စောစော(သို့)ညနေမိုးချုပ်ကာနီးတွင်လေတင်ကန်သင်းပေါ်မှမီးခိုးမှိုင်းများနှစ်ရက်တစ်ကြိမ်တိုက်ပေးပါကကျရောက်ဖျက်ဆီးမှုနည်းပါးပါတယ်ခင်ဗျ။
မှိုသတ်ဆေး ကို ဖုံးလုံးချိန်မှာ ကာကွယ်ဆေး(ထိသေ မှိုသတ်ဆေးအုပ်စု)တွေ ကြိုဖျန်းလို့ရပါတယ်။ ပိုးသတ်ဆေးကို အဆီတာမီပရစ် သို့မဟုတ် သိုင်ယာမီသိုဇင် ဖျန်းပါ။
ဘယ်လိုဆေးမျိုးကိုရှာဝယ်လို့ရမလဲဆေးအမည်ကို
ဖုံးလုံးချိန် မှိုကာကွယ်ဆေး၊ ပိုးကာကွယ်ဆေး ကြိုဖျန်းနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပေါ်ဆန်းစပါးထွက်တော့မယ်စပါးပင်ကိုမနက်စောစောအချိန်ညနေနေဝင်ချိန်ထွက်ကြည့်လိုက်ရင်နှံစုပ်ပိုးကောင်းတွေတွေ့ရတယ်ဘာ...
ဖြေကြားချက် 3 ခု
နှံစုပ်ဂျပိုးကို ဘယ်အချိန်မှာ ကာကွယ်ရမှလဲ အနံ့ပေးယုံနဲ့ရနိုင်လား ဘာဈေးကိုအသုံးပြုသင့်လဲဗျာ
ဖြေကြားချက် 2 ခု
စပါးအခင်းထဲနှံစုပ်ပိုးကျတာဘယ်လိုပိုးသတ်ဆေးသုံးသင့်ပါသလဲခဗျာ။
ဖြေကြားချက် 3 ခု
နှံစုပ်ပိုးကိုဘယ်လိုဆေးကနိူင်သလဲဂျပိုးနံ့ရနေလို့
ဖြေကြားချက် 4 ခု
စပါးအထွက်မစုံတစ်စုံဖြစ်တော့မယ်နှံစုပ်ပိုးဆေးဖျန်းလို့ရပြီးလား
ဖြေကြားချက် 2 ခု