ဖြေကြားချက် ၂ ခု
အမြစ်မစွဲမီအတွင်း အရိပ်လုပ်ပေးပါ။ ရေအများကြီး မလောင်းပါနဲ့။ အရွက်လေးတွေ မလန်းသေးဘဲ မည့်သည့်ဆေးမှမဖျန်းပါနဲ့။
၁။ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် အပင်နာခြင်း (Transplant Shock) ရွှေ့ပြောင်းစိုက်ပျိုးရာမှာ အပင်နာခြင်းဟာ လူသိများတဲ့ ထိခိုက်မှုလက္ခဏာ တစ်မျိုးဖြစ်ပါတယ်။ ဒီအခြေအနေဟာ အပင်တွေကို ရွှေ့ပြောင်းစိုက်ပျိုးတဲ့အခါ နည်းစနစ်မမှန်တာ၊ ရေလောင်းမှားတာ၊ ပတ်ဝန်းကျင် ရာသီဥတုနဲ့ အသားမကျတာတွေကြောင့် ဖြစ်ပေါ်တတ်တာပါ။ အပင်တွေကို ရွှေ့ပြောင်းစိုက်ပျိုးပြီးတဲ့နောက် ရက်သတ္တပတ်အတွင်း နေရောင်ခြည်၊ လေ စတာတွေနဲ့ ကောင်းစွာထိတွေ့စေပြီး ရေ ရရှိနိုင်မှုကို ထိန်းချုပ်ကန့်သတ်ပေးခြင်းအားဖြင့် အပင်တွေကို ပတ်ဝန်းကျင်အသစ်မှာ အသားကျအောင် ပြုလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် အပင်တွေ ရွှေ့ပြောင်းရာမှာ အမြစ်တွေ ထိခိုက်မှုမရှိအောင် ဂရုတစိုက်နဲ့ ကိုင်တွယ်ဆောင်ရွက်သင့်ပါတယ်။ ထိခိုက်မှု လက္ခဏာ အပင်တွေမှာ အရွက်လောင်ကျွမ်းတဲ့ပုံစံတွေ့ရမှာ ဖြစ်သလို အဝါရောင်၊ အညိုရောင် အရွက်များလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အရွက်များတွန့်လိမ်ခြင်း၊ ညှိုးနွမ်းခြင်းနဲ့ ကြွေကျခြင်းတို့ပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဖြေရှင်းနည်း ဒီလိုအခြေအနေမှာ အပင်တွေ ပြန်လည်သန်စွမ်းလာစေဖို့ အလွယ်ဆုံးနည်းလမ်းကတော့ သကြားဖျော်ရည် လောင်းပေးခြင်း ဖြစ်ပါတယ်။ သကြားဖျော်ရည်လောင်းပေးခြင်းဟာ အမြဲတမ်းတော့ ထိရောက်မှု မရှိပေမယ့် အပင်တွေကို ထိခိုက်မှုမရှိတာကြောင့် အလွယ်တကူအသုံးပြုနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် မလိုအပ်တဲ့ အရွက်၊ အကိုင်းအခတ်တွေကို ဖြတ်တောက်ဖယ်ရှားတာနဲ့ အပူချိန်ကို ထိန်းညှိပေးနိုင်ဖို့ မြေဖုံးပေးတာ မျိုးတွေလည်း ပြုလုပ်နိုင်ပါတယ်။ အပင်တွေကို ရွှေ့ပြောင်းမစိုက်ခင်မှာ အကြမ်းခံနိုင်အောင် ရေဖြတ်ပေးထားမျိုးတွေ၊ ရေလျော့ပေးထားတာမျိုးတွေလည်း လုပ်ထားနိုင်ပါတယ်။ ရွှေ့ပြောင်းစိုက်ပျိုးပြီး ပထမဆုံး ၂ ရက်အတွင်း အပင်တွေကိုရေလောင်းတဲ့အခါ မြေရဲ့စိုစွတ်မှု အခြေအနေပေါ်မူတည်ကာ သေချာစစ်ဆေးပြီးမှ လောင်းပေးသင့်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘယ်လိုကုသ ရမလည်း ဆရာတို့ ဘယ်လိုကြောင့်ဖြစ်တာလည်း ရှင်ပြပေးပါဦး ဆရာတို့
ဖြေကြားချက် 0 ခု
ခရမ်းချဉ်ပင် ရွက်ဖျန်းအားဆေးအသီးအားကောင်းဆေးနဲ့ ပိုးသတ်ဆေး လမ်းညွှန်ပေးကြပါအုး ဆရာသမားတို့ရေ
ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီးပင်မှာ ခုလို ဖြစ်နေလို့ပါ ဘယ်လို ကုသရမလည်းဗျ ဆရာတို့
ဖြေကြားချက် 3 ခု
ရေဘဝဲခရမ်းချဥ်သီး နှင်းခါးကျလို့ ကောင်းကောင်းမအုပ်မိလို့လားမသိဘူး အပင်ငယ်တွေအရွက်ခြောက်လာတယ်
ဖြေကြားချက် 1 ခု
ရေဘဝဲခရမ်းချဥ်သီး ထိပ်ဖျား ညွန့်ကျလာလို့ ဝါးခြမ်းစိတ်ပြီးကာထားလိုက်တယ် မှန်လားမသိဘူး
ဖြေကြားချက် 2 ခု