အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
120
လွန်ခဲ့သော ၈ နှစ် က · ပခုက္ကူ

သရက်ပင်စိုက်ပျိုးနည်းလေးပြောပြပေးပါ့ခင်ဗျာ့

စိုက်ပျိုးနည်း သရက်
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

သရက်ပင်သည်လည်း အခြားသီးပင်များနည်းတူ အစေ့မှမျိုးပွားခြင်း (Sexual/Seed Propagation) ဖြင့် သော်လည်းကောင်း သို့မဟုတ် ပင်ပိုင်ဆိုင်ရာလိင်မဲ့နည်း (Asexual/Vegetative Propagation) ဖြင့် သော်လည်းကောင်း မျိုးပွားစိုက်ပျိုးကြပါသည်။ အစေ့ဖြင့် မျိုးပွားခြင်းကိုမူ ရှေးယခင်ကာလကတည်းက အသုံးပြုခဲ့ပြီး ယနေ့တိုင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေစဲပင်ဖြစ်ပါသည်။ အသီးပင်အများစုတွင် အစေ့မှမျိုးပွားစိုက်ပျိုးသော် သီးပွင့်ချိန်နောက်ကျခြင်းနှင့် မိခင်အပင်နှင့်တူသောအပင်များမရနိုင်ခြင်း အားနည်းချက်များရှိကြသည်။ သို့သော် မြန်မာနိုင်ငံရှိ သရက်မျိုးအများစုကို အစေ့မှမျိုးပွားစိုက်ပျိုးသော်လည်း သီးပွင့်ချိန် နောက်ကျခြင်း အားနည်းချက်မှလွဲ၍ မိခင်ပင်နှင့် တူသောအပင်များကိုပြန်ရနိုင်သည်။ ဆိုလိုသည်မှာ စိန်တလုံးအစေ့မှ မျိုးပွားစိုက်လျှင် စိန်တလုံးပင်ပဲ ပြန်ရလေ့ ရှိတတ်သည်။ သို့သော်လည်း ပတ်ဝန်းကျင်၏ လွှမ်းမိုးရိုက်ခတ်မှု၊ ၎င်းတို့၏ သက်တမ်းနှင့် မျိုးရိုး ဗီဇများပြောင်းလဲသွားမှုတို့ကြောင့် အနည်းငယ်ကွဲလွဲချက်များရှိနိုင်သည်။ ယနေ့ စိန်တလုံးမျိုးပင် ထိုကဲ့သို့ မျိုးအတွင်း ကွဲလွဲချက်များ ရှိလာနေပြီဖြစ်သည်။ အစေ့စိုက်ပင်သည် ကိုင်းကူးကိုင်းဆက်အပင်ထက် သီးပွင့်ရန် ၂-၃ နှစ်ခန့် ပို၍ ကြာတတ်သည်။ အစေ့စိုက်ပင်သည် ယေဘုယျအားဖြင့် ၅ နှစ်ခန့်မှစ၍ အသီးစတင်သီးလေ့ရှိပြီး နှစ်ပေါင်း (၈ဝ) အထိ စီးပွားဖြစ်ခူးဆွတ်နိုင်သော်လည်း သက်တမ်း (၆ဝ) နောက်ပိုင်းတွင် အသီးတင်မှုလျော့လာကြောင်း မှတ်တမ်းများ၌ တွေ့ရသည်။ အစေ့စိုက်သရက်ပင်သည် ပျမ်းမျှသက်တမ်း (၁ဝဝ) အထိ ရှိသည်ဟု ဆိုသည်။ သို့သော်လည်း အိန္ဒိယမှရေးသော The Mango စာအုပ်တွင် သက်တမ်း (၃ဝဝ) ခန့်ရှိ သရက်ပင်ကို ဓာတ်ပုံနှင့် တကွ ဖော်ပြထားသည်ကို တွေ့ဖူးသည်။ သရက်စိုက်ပျိုးနည်းအပြည့်အစုံကို စာအုပ်စင်အခန်းကဏ္ဍတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ အောက်ပါLinkတွင်လည်း သရက်ပင်စိုက်ပျိုနည်းကို ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/books/Mango-Cultivation

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။