အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
11,230
လွန်ခဲ့သော ၃ နှစ် က · လက်ပံတန်း

ဦးလေးဆရာတို့ရေ အပင်ရောဂါဖြစ်နေတာလေးတွေများနေတော့ သိချင်နေတာလေးတွေလည်းများနေတယ်ဗျာ အဲ့တော့ အမေးထူတယ်လို့မထင်...

ဦးလေးဆရာတို့ရေ အပင်ရောဂါဖြစ်နေတာလေးတွေများနေတော့ သိချင်နေတာလေးတွေလည်းများနေတယ်ဗျာ အဲ့တော့ အမေးထူတယ်လို့မထင်လိုက်ပါနဲ့ မေးပါရစေဗျ အရင်တစ်ခါငရုတ်ပင်အရွက်တွေလိပ်ပြီး ဦးလေးဆရာတို့ပြောတဲ့ အဘာမက်တင်နဲ့အဆီတာမီပရစ် နှစ်မျိုး​ရောစပ်တစ်ပတ်ဖျန်းပြီး အပင်အရွက်တွေက သိသိသာသာတော့ ပြန်ကောင်းမလာသေးပေမယ့် နည်းနည်းကလေးတော့ အရွက်လေးတွေပြန့်လာတယ်ဗျ ဖျန်းပြီးတာလည်း ၄ရက်လောက်ပဲရှိပါသေးတယ် အခုတစ်ခါ တစ်ပတ်လောက်ကြာရင် အရွက်တွေက အားလုံးမကောင်းသေးတော့ အရွက်လိပ်ပိုးအတွက်ကိုပဲ ပထမတစ်ခါ ဖျန်းတဲ့ဆေးနဲ့မတူအောင် ဘယ်ဆေးတွေဖျန်းပြီးဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းပြပေးပါအုံး ဗျ

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်အရွက်လိပ်ပြဿနာ
Post image
Post image
Post image
Post image
Post image

ဖြေကြားချက် ၁၀ ခု

11,230 လွန်ခဲ့သော ၃ နှစ် က

ဟုတ်ကဲ့ဗျ အပင်ခြေပဲ ပက်ပြီး ရေသွင်းမှာပါဆရာ ရောဖျော်မဖျန်းပါဘူးဗျ

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၃ နှစ် က

ရေ​ဖျော်ဖျန်းလို့မရပါဘူး။

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၃ နှစ် က

ဂျစ်ဆန်ကိုအပင်​ခြေပက်ပြီး ​ရေသွင်းလို့ရတယ်​လေ။

11,230 လွန်ခဲ့သော ၃ နှစ် က

ဖြေပေးပါအုံးဗျ

11,230 လွန်ခဲ့သော ၃ နှစ် က

ဖျန်းလို့ရရင်မနက်ဖြန်မြို့သွားပြီးဆေးနဲ့ ဂျစ်ဆန်မှုန့်ဝယ်မလို့ဗျ ဆရာ

11,230 လွန်ခဲ့သော ၃ နှစ် က

ငရုတ်ပင်အဲ့ဒီအရွယ်မှ ဂျစ်ဆန်မှုန်အပင်ခြေကို ဖျန်းပေးလို့ရလား ဦးလေးဆရာ

11,230 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးပါဗျ ဆရာပြောတဲ့ဆေး ဝယ်ဖျန်းလိုက်ပါ့မယ်ဗျ

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၃ နှစ် က
အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၃ နှစ် က

ပိုင်မက်ထရိုဇင်း+နိုင်တင်ပိုင်ရမ် ဖျန်းပါ

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၃ နှစ် က

ဒီပုံထဲကအတိုင်းဆိုရင် အညွန်ထွက်လာပြီ အ​ခြေ​နေ​ကောင်းလာတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။