အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
638
လွန်ခဲ့သော ၃ နှစ် က · တောင်ကုတ်

ပုံပါ မျိုးစေ့ထုတ်တွေက ဘယ်လိုစိုက်ရတာလဲခင်ဗျာ တစ်ထုတ်စိုက်တာ အပင်မပေါက်လို့ပါ(ဘောင်နဲ့ပျိုးတာ) အခုမှစိုက်ဘူး...

ပုံပါ မျိုးစေ့ထုတ်တွေက ဘယ်လိုစိုက်ရတာလဲခင်ဗျာ တစ်ထုတ်စိုက်တာ အပင်မပေါက်လို့ပါ(ဘောင်နဲ့ပျိုးတာ) အခုမှစိုက်ဘူးလို့ပါ ဆရာ/အစ်ကို များမှ အလင်းပြပေးပါဦး ခင်ဗျာ

စိုက်ပျိုးနည်း ငရုတ်သီး ငရုတ်စိုက်ပျိုးနည်း
Post image
5

ဖြေကြားချက် ၅ ခု

638 လွန်ခဲ့သော ၃ နှစ် က

ကျေးဇူးတင်ပါတယ် ခင်ဗျာ

အတည်ပြုပြီး 167,449 လွန်ခဲ့သော ၃ နှစ် က

အကောင်းဆုံးက ပျိုးအိတ်နှင့် ပျိုးထောင်၍ စိုက်ပျိုးခြင်းပါ မျိုးစေ့ကို ရေနွေးကြက်သီးနွေးဖြင့် ၄နာရီခန့် စိမ်ပါ။ ရေနွေးဖြင့် စိမ်ရတဲ့ရည်ရွယ်ချက်က မျိုးစေ့အိတ် ဘူးခွံအတွင်းမှ မျိုးစေ့သက်တမ်းအတွက် အောက်စီဂျင် ထုတ်ထားခြင်းကြောင့် ရေနွေးဖြင့် ရှော့တိုက်ပြီး အောက်စီဂျင် နှိုးဆွတဲ့သဘောပါ။ ရေစိမ်ထားသောမျိုးစေ့အား အချိန်ပြည့်ပါက ပလပ်စတစ်အိတ်ခွံသို့ ထည့်၍ ပိတ်ထားခြင်း၊ အဝတ်စိုဖြင့်ထုတ်ခြင်းတို့အား ၁၂ နာရီခန့် ပြုပြီး ပျိုးအိတ်၊ ပျိုးဘောင်တွင် ပျိုးထောင်လို့ ရပါတယ်။

638 လွန်ခဲ့သော ၃ နှစ် က

ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ

3,689 လွန်ခဲ့သော ၃ နှစ် က

ဟုတ် ပထမ ဦးစွာ စိုက်မယ့်မျိုးစိတ်ကို ရေနဲ့ တစ်ညစိမ်ပါ ပီးတော့ ပိတ်စတစ်စကို ရေစိမ်ပါ ပီးရေပြန်ညစ်ထုတ်ပါ စောနက ရေစိမ်ထားတဲ့ မျိုးစိတ်တွေကို ရေစစ်ပြီး အဲ့ပိတ်စနဲ့ ထုတ်ထားပါ ပီးတော့ အဲ့ထုတ်ထားတဲ့ ဟာကို ပလပ်စတစ်ဘူးထဲထည့်ပီး အဖုံးလုံအောင်ပြန်ဖုံးထားပါ ပလပ်စတစ်ဘူးခံွမရှိရှင် ပလပ်စတစ်အိတ်နဲ့လည်း ရပါတယ် ၂ရက်နေရင် အမြစ်တွေထွက်လာပါလိမ့်မယ် မထွက်တဲ့အစေ့တွေကို လွှင့်မပစ်ပါနဲ့နော် ဆက်ပီးသိမ်းထားလိုက် ထက်ထွက်လာလိမ့်မယ် အဆင်ပြေပါစေဗျာ

988 လွန်ခဲ့သော ၃ နှစ် က

ကျနော်တော့ပေါက်တယ်ရေနွေးနွေးနဲ့၂နာရီစိမ်ပီးရင်အစိုဓာတ်ပေါက်၃ရက်ကနေ၁ပတ်ဆိုအပင်ပေါက်ပီးပျိုးခွက်ထဲပြောင်းစိုက်အပင်တထွာလောက်အမြင့်ရရင်စိုက်ချင်တဲ့နေရာမှာမြေချစိုက်ရပီး

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။