အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
813
လွန်ခဲ့သော ၄ နှစ် က · ကံမ

မတ်ပဲ၊ ပဲတီစိမ်း စိုက်ပြီး ၁၅ရက် ရေ၀တ်ခြင်း‌သည် အပင် သေစေနိုင်ပါသလား၊ အရွက်အားလုံးထိရေမလွှမ်းပဲ ပင်‌ေြခမျှ ရေ...

မတ်ပဲ၊ ပဲတီစိမ်း စိုက်ပြီး ၁၅ရက် ရေ၀တ်ခြင်း‌သည် အပင် သေစေနိုင်ပါသလား၊ အရွက်အားလုံးထိရေမလွှမ်းပဲ ပင်‌ေြခမျှ ရေ၀တ်ရံာနဲ့ပဲပင်သေစေနိုင်ပါသလား၊ ပင်လုံးလွှမ်းသွားသည်ဆိုရင် အချိန်ဘယ်လောက်ထိ ခံနိုင်ရေ ရှိပါသလဲ ခင်ဗျ

စိုက်ပျိုး ဗဟုသုတ မတ်ပဲ မတ်ပဲစိုက်ပျိုးနည်း

ဖြေကြားချက် ၃ ခု

813 လွန်ခဲ့သော ၄ နှစ် က

ဆရာကြီးများရဲ့ ပညာကိုမျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ

အတည်ပြုပြီး 167,449 လွန်ခဲ့သော ၄ နှစ် က

ရေဝပ်၍ သေမသေဆိုသည်မှာ မိမိစိုက်ပျိုးသည့် မြေအမျိုးအစားနှင့်ဆိုင်ပြီး ရေစီးဆင်းမှု အားနည်းသည့် ရွံစေးဆန်သော မြေဆိုလျင် သေပါတယ်၊ သဲနီုန်းမြေဆိုလျင် အနည်းငယ်သက်သာပါတယ်။ မတ်ပဲပင် အပင်ခြေ ရေဝပ်ခြင်း ရေလွမ်းခြင်း နှစ်ရက်ကျော်ပြီး စိုက်ပျိုးမြေသည် ရေစိမ့်ဆင်းမှု အားနည်းလျင် အပင်ခံနိူင်ရည် မရှိတော့ပါဘူး

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၄ နှစ် က

မတ်ပဲ ဆိုရင် မ​သေနိုင်ပါဘူး ပဲတီက​တော့ နည်းနည်းအပင်ဝါသွားရင် မရ​တော့ဘူး။ ​ရေ​လျော့သွားပြီး ၊၂၊၃ရက်​နေလို့ အပင်အ​ရောင်မ​ပြောင်းရင် ဘာမှဖြစ်ဘူးရယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။