ဖြေကြားချက် ၁ ခု
ဘွန်စိုင်းအပင်ဖြစ်အောင်ပြုလုပ်နည်း ဘွန်စိုင်း(Bonsai)အပင် ဖြစ်အောင် ပြုလုပ်တဲ့နည်း ပြောပြပါ့မယ်။ ဒီနည်းပညာတွေဟာ ဂျပန်လူမျိုးများက စတင်စမ်းသပ်စိုက်ပျိုးလာခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဘွန်စိုင်းပင်ဆိုတာက အပင်တစ်ပင်ရဲ့ ရေသောက်မြစ်ကို ဖြတ်တောက်ပြီး အခြားသော အမြစ်ငယ်များဖြင့် ကျောက်တုံးခဲလေးများပေါ်၌ မြေဆွေးဖြူးပြီး စိုက်ပျိုးခြင်းဖြစ်ပါတယ်။ အရင်ဆုံး ငရုတ်ပင်(ငြုပ်)ကို ဘွန်စိုင်းပင် ဖြစ်အောင် ပြုလုပ်နည်း ပြောပြပေးပါ့မယ်။ မိမိမှာ အပင်အမျိုးအစားအပေါ်မှုတည်ပြီး Bonsai pots လို့ခေါ်တဲ့ အပင်ထည့်စိုက်ရန်အတွက် စောက်တိမ်ပြီး အောက်ခြေ၌ အပေါက်ငယ်လေးများ ဖောက်ထားသော အင်တုံ အိုးငယ်လေးများ အဆင်သင့် ရှိထားရပါမယ်။ပထမဆုံး မိမိစိုက်ပျိုးလိုသော ငရုတ်ပင် တစ်ပင်ကို အမြစ်များပါရှိအောင် နုတ်ယူပါ...နုတ်ယူပြီးပါက အပင်ရဲ့ အကိုင်းအတက်များကို သေချာသန့်စင်အောင် ဖြတ်တောက်ပစ်ပါ။ နုတ်ယူပြီးသော ငရုတ်ပင်မှ မြေဆွေးများကို ကုန်စင်အောင် ခါချပြီး အပင်၏ အလယ်တည့်တည့်၌ရှိသော ရေသောက်မြစ်လို့ခေါ်တဲ့ အမြစ်မကြီးကို အပင်၏ အောက်ခြေအရင်းမှ ကတ်ကြေးဖြင့် ဖြတ်တောက်ပစ်လိုက်ပါ။ အခြားကျန်ရှိသော အမြစ်ငယ်များကို ဖြတ်တောက်မပစ်ပါနဲ့.. .ရေသောက်မြစ် ဖြတ်တောက်ပြီးပါက Bosai potလို့ခေါ်တဲ့ အောက်ခြေ၌ အပေါက်ဖောက်ထားသော အိုးငယ်အတွင်းသို့ ပထမဆုံး မြစ်ကျောက်ခဲလေးများကို အောက်ခြေ၌ အနည်းငယ် ခင်းထားပေးပါ။ ကျောက်တုံး ကျောက်ခဲလေးများပေါ်တွင်ငရုတ်ပင်ကို အိုး၏ အလယ်တည့်တည့်၌ တည့်မတ်ပြီး ပင်စည်တွင် ကျန်ရှိနေသော အမြစ်ငယ်လေးများကို ကျောက်တုံး ကျောက်ခဲများပေါ်၌ သေချာအောင် ဖြန့်ဖြူးပေးပါ ။အမြစ်ငယ်များ ကျောက်တုံးများပေါ်တွင် သေချာဖြန့်ဖြူး ခင်းကျင်းပြီးပါက အမြစ်များပေါ်သို့ မြေဆွေးထပ်မံ၍ ဖုံးအုပ်ပေးပြီး ရေကို စိုစွတ်ရုံမျှ လောင်းပေးရပါမယ်။ ရေလောင်းပြီးပါက မြေဆွေးများပေါ်သို့ မိမိ၏အနီးအနားပတ်ဝန်းကျင်ရှိ ရေတွင်းရေကန်များ၌ ပေါက်ရောက်သော ရေညှိစိမ်းများကို ခွာယူပြီး ၎င်း အပေါ်မှ ခပ်ပါးပါး ထပ်မံဖုံးအုပ်ပေးထားရပါမယ်။ ဤသို့ အဆင့်ဆင့်ပြုလုပ်ပြီးပါက အပင်ကိုနေရိပ်ထဲသို့ပြောင်းရွေ့ထားပြီး အပင်ရှင်သန်လာအောင် နေ့စဉ် ဂရုစိုက်ပေးရပါမယ်။ တစ်ပတ်အတွင်း အပင်ရှင်သန်သွားပါက ၎င်း ပင်စည်မှ အပင်အတက်လေးများဟာ စတင်ထွတ်ရှိလာပြီး တစ်နေ့တခြား ကြီးထွားရှင်သန်လာပါလိမ့်မယ်။ ထွက်ရှိလာသော အကိုင်းအတက်များကို မိမိလိုချင်သလို ကြေးနန်း ဝါယာကြိုးဖြင့် လိုသလိုပုံစံသွင်းယူရပါမယ်။သွပ်ကြိုးဖြင့်မလုပ်ပါနဲ့ သွပ်ကြိုးဟာ များမကြာမှီမှာ သံချေးတက်ပြီး ပြတ်တောက်သွားတတ်ပါတယ်။ အပင်တစ်ပင်ကို ရေသောက်မြစ်ဖြတ်တောက်ထားခြင်းကြောင့် ရှေ့ဆက်မကြီးထွားနိုင်တော့ပဲ မိမိဟာ တစ်ပေခန့် ဖြတ်တောက်ထားရင် တစ်ပေအမြင့်သာ အစဉ်ထာဝရ ရှင်သန်ပြီး အသီးအပွင့်များ ဝေဆာပွင့်လန်းနေမှာဖြစ်ပါတယ်။(မှတ်ချက်)မည်သည့်အပင်မျိုးမဆို ဒီနည်းအတိုင်း Bonsaiပင်ဖြစ်အောင် ပြုလုပ်လို့ရပါတယ်
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
alicasia silver dragon အရွက်လေးတွေမှာ ပုံထဲကလို အပေါက်လေးတွေဖြစ်နေတာ ဘယ်လိုကုသပေးရမလဲ
ဖြေကြားချက် 1 ခု
ပြ ပိုး အဖြူကောင်လေးတွေကို ဘယ်လို နှိမ်နင်းရင်ရပါသလဲ။ ဘာဆေး သုံးရင် အဆင်ပြေပါသလဲ။
ဖြေကြားချက် 4 ခု
အိမ်ကပန်းပင်လေးတွေ တပင်ကအရွက်ဖျားတွေခြောက် တပင်ကအရွက်တွေဝါပြီး တပင်က မှိုစွဲနေလို့ ဘယ်လိုဆေးမျိုးသုံးပေးရမလဲဆ...
ဖြေကြားချက် 2 ခု
ဘွန်ဆိုင်းပင်စိုက်ပျိုးနည်းသိချင်လို့ပါ
ဖြေကြားချက် 2 ခု
ရှားစောင်းလက်ပတ် စိုက်ပျိုးနည်းလေး သိချင်ပါတယ်ရှင့်
ဖြေကြားချက် 2 ခု