အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
992
လွန်ခဲ့သော ၄ နှစ် က · ကသာ

ပုလဲလက်ချားဖျန်းခြင်းပါ ဆေးတပုံးမှာ ပုလဲ16/လက်ချား4ဇွန်းဖျန်းတာမှာ ပိုးမှိုဆေးထည့်ဖျန်းလိ့ုရလားပြီးတော့ Nနဲ့B...

ပုလဲလက်ချားဖျန်းခြင်းပါ ဆေးတပုံးမှာ ပုလဲ16/လက်ချား4ဇွန်းဖျန်းတာမှာ ပိုးမှိုဆေးထည့်ဖျန်းလိ့ုရလားပြီးတော့ Nနဲ့Bတင်မဟုတ်တော့ပဲယမ်းစိမ်းခေါ် ပိုတက်စီယမ်နိုက်ထြိတ် k13.00.46လား အဲ့တာရောပါ kအတွက်ရောထည့်ဖျန်းမယ်ဆိုရင်ရောဗျပြီးတော့ ပုလဲကn46%ဟာ ရွက်ဖျန်းသီးသန့်ဆေးထုပ်များမှပါသော Nအမျိုးစားတူညီပါရဲ့လား Nအမျိုးစားကွဲပြားပါသေးလား တစ်မျိုးတည်းသာရှိတာပါလား ပြီးတော့ဗျာ တစ်ချို့က နက်ဖြန် ဖျန်းမယ်ဆိုခုညနေထဲကတစ်ညသိပ် အခိုးထုတ်တယ်ဆိုပြီး ကိုယ်ဖျန်းလိုတယ့်ပုလဲပမာဏကို သင့်သောသောရေပမာဏအနည်းငယ်နဲ့ကြိုတင်ဖျော်စပ်ထားကြပါတယ် ဘယ်လိုထင်မြင်မိပါသလဲချက်ချင်းဖျော်ချက်ချင်းဖျန်းမှာအခန့်မသင့်ဆေးလောင်တက်သည်ဟုလဲဆိုကြပါသည် အဲ့လိုအခိုးထုတ်ထားတာပိုကောင်းသည်ဟုဆိုကြပါသည်မေးခွန်းအားလုံးဖြေကြားပေးပါရန်

အပင်အာဟာရ ပဲယင်း

ဖြေကြားချက် ၁ ခု

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

အား​ဆေးထဲမှာ..မှို​ဆေး ထည့်တာမ​ကောင်းပါ။ ယမ်းစိမ်းထည့်နိုင်ပါတယ်။ ရွက်ဖျန်းသီးသန့်​တွေမှာ ၄၆%မပါပါ။ပါဝင်မှုကို %ဖြင့်​ဖော်ပြပါတယ်။ ယူရီးယားက အ​ငွေ့ပျံသတ္တိ ရှိလို့..နုန်းထားများရင်၊​နေပူရင် ​လောင်တတ်ပါတယ်။ အခိုးသတ်တယ်ဆိုတာ မှန်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။