အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
812
လွန်ခဲ့သော ၄ နှစ် က · မြစ်သား

အက်ုကြီး အမကြီးတို့ ဒါဘာ ဂမုံး လဲဗျ၊ အရွက်တွေမှာလဲ အ​ဖြူတွေလိုက်နေတယ် ဘာကြောင့်များပါလိမ့်ဗျ၊ဂမုံး ပင်က်ုဘယ်...

အက်ုကြီး အမကြီးတို့ ဒါဘာ ဂမုံး လဲဗျ၊ အရွက်တွေမှာလဲ အ​ဖြူတွေလိုက်နေတယ် ဘာကြောင့်များပါလိမ့်ဗျ၊ဂမုံး ပင်က်ုဘယ်လိုစိုက်ပျိုးပြီး ဘယ်လိုနေရာမျိုးမှာထားသင့်သလဲဗျ၊ဘာတွေလုပ်ဆောင်သင့်ပြီး ဘာတွေရှောင်ရှားသင့်လဲ ပြောပေးကြပါအုံးဗျ☺🌱

စိုက်ပျိုး ရေ အိမ်တွင်းအလှစိုက်ပင်
Post image
Post image

ဖြေကြားချက် ၁၁ ခု

812 လွန်ခဲ့သော ၄ နှစ် က

တစ်ချို့ကပြောကြတယ် အဲ့တာ ဆင်ဂမုံးတဲ့ အဲ့အပင်စိုက်ရင် ကျမ်းမာရေးညံတက်တယ်လ်ု့ပြောတယ် တစ်ကယ်တန်းသေခြာပြန်လေ့လာကြည့်တော့ အဲ့အပင်က ထုပ်တဲ့ ဓာတ်ငွေ့တစ်မျိုးက ကလေးငယ်တွေအတွက် Toxic ဖြစ်စေတဲ့အတွက် ကလေးငယ်တွေ ကျမ်းမာရေးခြူခြာတာတွေ ဖြစ်စေတာပါ☺ တစ်ကယ်တော့ အဲ့ပင်က ကောင်းပါတယ် စိုက်သင့်ပါတယ် စိုက်ကောင်းပါတယ် (အချစ်အတွက်) အရမ်းကိုဆွဲအားကောင်းတဲ့ (ဂန်မိရ)အပင်တစ်မျိုးပါဘဲ🤗 ဟုတ်ကျေးဇူးပါဗျ❤

5,057 လွန်ခဲ့သော ၄ နှစ် က

ကျွန်မ စိုက်လာတာ ၁၀ နှစ်နီးပါးရှိပြီ ၊ အပင်တွေလဲ ပွါးပြီး လက်ဆောင်လဲ ပေးဖြစ်တယ်။ ကျွန်မ ကတော့ အပေါ်က ပြောထားတဲ့ အယူတွေတော့ မရှိဘူးရှင့် ။ မျှဝေပေးတာတော့ ကျေးဇူးပါ။ ☺️☺️☺️☺️

812 လွန်ခဲ့သော ၄ နှစ် က

မ ကျနော်ရှာဖွေပြီး မျှဝေပေးလိုက်ပါတယ် ရွှေလာငွေလာ ဂမုန်းပါ ဗဟုသုတပေါ့☺🌱

812 လွန်ခဲ့သော ၄ နှစ် က
5,057 လွန်ခဲ့သော ၄ နှစ် က
5,057 လွန်ခဲ့သော ၄ နှစ် က

အိမ်မှာလဲ အဲ့ အပင်ရှိလို့ပြောနိုင်တာပါ။ အဆင်ပြေပါစေရှင့်

812 လွန်ခဲ့သော ၄ နှစ် က

ဟုတ် အန်တီ ☺😁

5,057 လွန်ခဲ့သော ၄ နှစ် က

ဒါက စာထဲက ကူးလာတာ "ဂမုန်းဟူသောအမည်မှာ ဥရှိသောအပင်ငယ်များစွာတို့ကို ခြုံ၍ခေါ်သောအမည်ဖြစ်သည်။ အချို့မှာ မြေ၌ ပေါက်သည်။ အချို့မှာ အပင်ကြီးတွင် တွယ်ကပ်ပေါက်သော ပင်ဆင့်မျိုးဖြစ်သည်။ ပင်ဆင့်မျိုးမှာ ရုက္ခဗေဒအလိုအားဖြင့် ပါရာဆိုက်များဖြစ်သည်။ သာမန်အားဖြင့် ဂမုန်းသည် ပုတတ်စာ၊ နနွင်း၊ တောက်တာ စသည်တို့နှင့်အတူ ကင်းဖီရီးယား မျိုးစုတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ သို့သော် မြန်မာအခေါ် ဂမုန်းမှာ အလွန်များပြားလှ၍ ရုက္ခဗေဒအမည်တစ်ခုတည်းကို စွဲ၍မယူအပ်ချေ။ ကျောက်ကျမ်း၊ ဂမုန်းကျမ်းနှင့် ကဝေသာရကျမ်း တို့တွင် ဂမုန်းမျိုးပေါင်း (၁ဝ၉) မျိုး ပြထားပေသည်။"

5,057 လွန်ခဲ့သော ၄ နှစ် က

ဂမုန်းတွေရဲ့မျိုးရင်းဖြစ်တဲ့ Araceae ဆိုတာတော့တူပါတယ်။ တချို့ကလဲ ဂမုန်းလို့ ပြောပေမဲ့ တချို့ကလဲ မျိုးနွယ် တူရုံနဲ့ ဂမုန်းလို့ ပြောလို့မရဘူးလို့ ပြောပြန်ရော 😁😁😁😁

812 လွန်ခဲ့သော ၄ နှစ် က

အဲ့ဆို သူက ဂမုံးမဟုတျဘူးလား😕..?

5,057 လွန်ခဲ့သော ၄ နှစ် က

သူက Pothos မျိုးနွယ်ဝင် အပင်ပါ။ ဒီမှာတော့ ‌ထိုင်းရွှေလာ ငွေလာလို့ ခေါ်ကြပါတယ်။ သူ့ အပင်မှာ အဖြူပျောက်ပါတာက သဘာဝပါ။ အရမ်း အကြမ်းခံတဲ့ အပင်ပါ။ အိုးသေးနဲ့စိုက်ရင် ဘွန်ဆိုင်းလို သေးသေးလေးတွ ဖြစ်သွားပြီး မြေကြီးပေါ် ချစိုက်ရင် အဟာရ ရရင် ရသလို ထီးလောက်နီးနီး အရွက်ကြီးလာတာ မြင်ဖူးပါတယ်။ တချို့ကလဲ အိမ်တွင်းလေသန့်ပင်စာရင်းထဲမှာ ထည့်ကြပါတယ်။ ပြုစုစောင့်ရှောက်ဖို့ အထူးတလည် မလိုတဲ့ ချစ်ဖို့ကောင်းတဲ့ အပင်မျိုးပါ။ ရေကြိုက် နေကြိုက်ပါတယ်။ အများစုကတော့ နွယ်မျိုးရင်းဝင် အပင်မို့ ချိတ်ဆွဲ စိုက်ပျိုးကြပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။