အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
177
လွန်ခဲ့သော ၄ နှစ် က · ကျောက်ဆည်

ဘာဆေးဖျန်းရမလဲကူညီကြပါအုံး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၂၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အညွန့်
ပိုးမွှားရောဂါ သင်္ဘော
Post image
2

ဖြေကြားချက် ၂ ခု

259,962 လွန်ခဲ့သော ၄ နှစ် က

နွားချေး၊ စပါးခွံဆွေးနဲ့ ပြာကို ၁း၁း၃ ခန့် ရောပြီး သာမန် အစိုဓာတ်လေးပေးကာ အရိပ်၌ ၃ ရက်ခန့်နပ်ထားပါ။ အပင်ခြေ မြေဆွပြီး ထည့်ပေးပါခင်ဗျာ။ အပင်တစ်ပင်ကို ၁ - ၃ ပြည့်ထိ ၁ ပတ်တစ်ခါ ၃ ပတ်လောက်ခွဲထည့်ပေးပါ။ အာတာရချို့တဲ့တာ ဖြစ်လို့ပါ။ ဖြစ်နိုင်ရင် အပင်ခြေကို မြေငွေ့ဖုံးပေးပါ။ အဆင်ပြေပါစေ။

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၄ နှစ် က

အ​ကြောင်းတခုခု​ကြောင့် အာဟာရချို့တဲ့လက္ခဏာပါ။ နွား​ချေး ၅၀ကျပ်သားခန့်ကို ယူရီးယား နို့ဆီတဗူးနဲ့ ​ရေ၁၀ဂါလံ ထည့်​ဖျော်ပါ။ အဲဒီအထဲကို ဂျစ်ဆန် တကီလိုထည့်ပြီး​မွှေပါ။ တညသိပ်ထားပါ အဖုံးဖွင့်ထားပါ။ ​​နောက်​နေ့မှာ အ​ပေါ်ယံအရည်စစ်ယူပါ။ ရလာတဲ့ အရည်ကို.​ရေတဝက်ထပ်​ရောပြီး သ​ဘေင်္ာပင်ကို တခါ​လောင်းရင် တဂါလံ နုန်းအပင်​ခြေ​လောင်းပါ။ တပတ်တခါ ​လောင်း​ပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။