အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · ညောင်ဦး

ယင်ဖြူ ရွက်ထွန်းပိုး ကို ဘယ်လိုဖြေရှင်းရမလဲ

ပိုးမွှားရောဂါ ဆလပ်

ဖြေကြားချက် ၂ ခု

259,962 လွန်ခဲ့သော ၄ နှစ် က

ဆေးရွက်ကြီး (TOBACCO) ပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲပါခင်ဗျာ။ အကျိုးများပါတယ်။ (က) ဆေးရွက်ကြီး စစ်ကျရည် - စင်းထားသော ဆေးရွက်ကြီး(၆၀) ကျပ်သားကို ရေ(၃) ဂါလံတွင် ပါး ပါးလှီးထားသော ဆပ်ပြာစအနည်းငယ်ရောစပ်ပြီး တစ်ရက်စိမ်ထားပါ။ နောက်နေ့တွင် စစ်ချပြီး ချက် ခြင်းအသုံးပြုပါ။ အသုံးပြုပြီးလျှင် ပစ္စည်းကိရိယာများကို ချက်ခြင်းဆေးကြော သန့်စင်ရမည်။ (ခ) ဆေးရွက်ကြီး ပြုတ်ရည် - ခူကောင်များ၊ ကျိုင်းကောင်များ၊ ပင်စည်ထိုးပိုးများ၊ ရွက်ထွင်းပိုး၊ ပျပိုး နှင့်သရစ်ပိုးများ ကာကွယ်နှိမ်နှင်းရာတွင်လည်းကောင်း၊ ဘဝဖြစ်စဉ်အချို့တစ်ဝက် မြေထဲတွင်နေထိုင် သော ဖြတ်ပိုးကဲ့သို့သောအကောင်များ ကာကွယ် နှိမ်နှင်းရာတွင်လည်းကောင်း အသုံးပြုသည်။ ဆေးရွက်ကြီး (၁၅) ကျပ်သား၊ ဆပ်ပြာရည် (၁.၈၀) ကျပ်သားနှင့် ရေ (၅) ပုလင်း တို့ကိုရောစပ်ပြီး အနည်းငယ် ဆူသည်အထိ မိနစ်(၃၀) ခန့်အပူပေးပါ။ ထို့နောက် အအေးခံပြီးစစ်ချပါက ဆေးရွက်ကြီး ပြုတ်ရည်ကို ရရှိမည်။ ထိုရရှိလာသော ပြုတ်ရည်တစ်ဆလျှင် ရေ (၄) ဆနှုန်း ရောစပ်ပက်ဖြန်းပါ။ မဖောက်ထုံး အနည်းငယ်ရောစပ် ပက်ဖြန်းပေးပါက ပိုးသတ်နိုင်စွမ်း ပိုမိုထက်မြက်ပါသည်။ နှိမ်နှင်းနိုင်သည့် ပိုးမွှားရောဂါများ ဖျက်ပိုးများ (၁) ပျပိုးများ (၂) ဂေါ်ဖီထုပ်ထိုးပိုး (၃) ခူကောင်များ (၄) လှေးကျိုင်းများ (၅) ရွက်ထွင်းပိုးများ (၆) မွှားများ (၇) ပင်စည်ထိုးပိုးများ (၈) သရစ်ပိုးများ အဆင်ပြေပါစေ။

အတည်ပြုပြီး 1,094,118 လွန်ခဲ့သော ၄ နှစ် က

ဓါတုပိုးသတ်​ဆေး ဆိုရင်​တော့.. အဘာမက်တင်အုပ်စု(ဟမ်းမား၊စတား၊ဂျက်ကက်)စသဖြင့်ဖျန်းပါ။ သဘာဝပိုးသတ်​ဆေးအ​နေနဲ့ တမာရွက်ကိုနုပ်နုပ်စင်းပြံး ​ဆေးရွက်ကြီးနဲ့ ​ရော စိမ်ပါ။ တညစိမ်ပြီးရင်..အရည်စစ်ပြီး ဆပ်ပြာမှုန့် တဇွန်း​ရော​မွှေပါ။ ​ရေ၄ဂါလံကို ​ဆေး၅၀စီစီ ထည့်ဖျန်း​ပေးပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။