ပြောင်းပင်ကတစ်လရှိပီအပင်မကြီးလို့ဘာမြေဩစာကြွေးရမလဲ အရောင်ကခရမ်းရောင်ဖြစ်နေတယ်
ဖော့စဖိတ်ချို့တဲ့တာပါခင်ဗျာ။ နောင်မဖြစ်အောင် မြေခံကို တီစူပါ ထည့်ပေးသင့်ပါတယ်။ ယခုထည့်မယ်ဆိုဟင်းစားဇွန်း ၁ ဇွန်းခွဲလောက်ဆို လုံလောက်ပါပြီခင်ဗျာ။ ပြီးတော့ ပင်ပိုင်းအားကောင်းအောင် ငါးအမိုင်နို (သို့) သစ်သီးအချင်ဖောက်ရည်ကို ပါဖြန်းပေးသင့်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။
ရှမ်းပြည်..နယ်၊ပြောင်းစိုက်မြေအတော်များများမှာ၊ အပင်တလသားအရွယ်၊ခရမ်းရောင် အရွက်လက္ခဏတွေ့ရတတ်ပါတယ်။ အာဟာရချို့တဲ့ လက္ခဏာပါ။ဖော့စဖရပ် ချို့တဲ့ရင် ..အဲ့ဒီလက္ခဏာပြပါတယ်။မြေထဲမှတီစူပါမြေသြဇာကိူမြေခံ ကတည်းက ထည့်သင့်ပါတယ်။ ၁၅ ပတ်လည်ကျွေး ရင်လည်း ရပါတယ်။သို့သော် မြေချဥ်ရင်(pH 5.5 ထက်နိမ့်ရင်)ဖောစဖိတ်ကို. အပင်က မစားနိုင်ပါ။ဒါကြောင့် ဂျစ်ဆန်မြေ သြဇာထည့်ပေးသင့်ပါတယ်။ တတ်သိပ.ညာရှင်နဲ့ တိုင်ပင်ပြီးရေရှည်အတွက်၊ေမြပြင်ပေးသင့်ပါတယ်ခင်ဗျ။
ကျေးဇူးတင်ပါတယ်
ဖော့စဖရပ် P ဓာတ် လိုတာပါ တီစူပါ ကွျေးနိုင်ပါတယ် နှုန်းထားကတော့ ဟင်းစားဇွန်း ၂ ဇွန်းလောက့်ပါ၊ ဈေးကြီးရင်တော့ အရိုးမှုန့်ပေး သို့ မြေဆွေးတွေပေးနိုင်ပါမယ် နှုန်းထားကတော့ သဘာဝပစ္စည်းတွေဖြစ်လို့ များလဲပြသနာမရှိပါ၊ အနဲဆုံးတော့ ၁ ပင်ကို နို့ဆီဘူး ၁ ဘူး စာပေးသင့်ပါတယ်၊
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပြောင်းနှစ်လသားအရွယ် မြှားကမ္ဘာ12-13-0ကျွေးရင်အဆင်ပြင်လာ ဆရာတို့
ဖြေကြားချက် 2 ခု
မြေပြင်ရာမှာ ကြက်ချေးအစို ထည့်လို့ရလား ဘယ်လိုဖြစ်နိုင်လဲ
ဖြေကြားချက် 2 ခု
ယူရီးယားကို အလုံးကြီး လုပ်ပြီး စပါးခင်းမှာ မြှုပ်တာက ယူရီးယားအကုန်သက်သာပြီး အကျိုးရှိစေတယ်လို့ ဆိုပါတယ်၊...
ဖြေကြားချက် 1 ခု
အဖူးကပ်ဘာမြေဩဇာကျွေးရမလဲ ပုလဲကျွေးလို့ရသေးလား
ဖြေကြားချက် 4 ခု
ပြောင်း သက်တမ်း 25ရက် သားပါဗျ အပင်ဖြစ်ထွန်းမှု့ အားနည်းပီးအတက်နှေးလား ကြည့်ပေးကြပါအုန်းဆရာတို့
ဖြေကြားချက် 6 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။