အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
6,809
လွန်ခဲ့သော ၄ နှစ် က · မိုးညို

ပဲ65ကျပ်သား တင်လဲရည် 1လီတာ ဆန်ဆေးရည်10လီတာရောစိမ်ရင် 46:0:0နဲ့ညီတယ်ဆိုတာမှန်ပါသလား ဘယ်လိုအကျိုးအာနိသင်ရှိမလဲဗျ

အပင်အာဟာရ ပဲတီစိမ်း
8

ဖြေကြားချက် ၈ ခု

259,962 လွန်ခဲ့သော ၄ နှစ် က
ဤအဖြေဖြင့် ပြေလည်

46:0:0 အတိအကျတော့ မဟုတ်ပါဘူးခင်ဗျာ။ N46:0:0အများဆုံးပါပေမဲ့ Pနဲ့ Kလည်း အနည်းငယ်ဆီပါပါတယ်။ ပြုလုပ်သုံးစွဲကြည့်ပါ။ Nဓာတ်များပါတယ်။ အကျိုးအာနိသင်ကတော့ အရွက်ကိုအားပေးတယ်။ ပင်ပွားအပင်တွေဆို ပင်ပွားအားကောင်းတယ်။ အမြစ်ကိုအားပေးပါတယ်ခင်ဗျာ။

6,809 လွန်ခဲ့သော ၄ နှစ် က

သုံးလို့ရောရလားဆရာ ဖုန်း

259,962 လွန်ခဲ့သော ၄ နှစ် က

ငါးအမိုင်နိုနဲ့ တွဲသုံးနိုင်ပါတယ်။ လက်တွ့အကျိုးများပါတယ်။ ကျွန်တော် ထို၂ခုကို တွဲပြီး မုန်လာကို စမ်းစိုက်ကြည့်ဖူးပါတယ်။ ၃ရက်တစ်ခါ ဖြန်းပါတယ်။ ငါးအမိုင်နိုသီးသန့်စိုက်ခင်း၊ ၂ခုရောဖြန်းထားတဲ့စိုက်ခင်း၊ မြေဆီကျွေးစိုက်ခင်းဟူပြီး ၃ခင်း စမ်းသပ်ခဲ့ဖူးပါတယ်။ ထို၂ခု ရောစိုက်ခင်းက မြေဆီကျွေးစိုက်ခင်းထက် တောင် ၃၀%လောက်ပို အထွက်ကောင်းနေတာ တကယ့်ဖြစ်ရပ်ပါခင်ဗျာ။

အတည်ပြုပြီး 217,350 လွန်ခဲ့သော ၄ နှစ် က

မှန်ပါဖူး nitrogen meter နဲ့ကော Kjeldahl test ကိုတိုင်းပြီးပါပြီ အလွန်ဆုံးရှိမှ ၂၀ ပါ

6,809 လွန်ခဲ့သော ၄ နှစ် က

ငါးအမိုင်နိုနဲ့တွဲလို့ရလား

259,962 လွန်ခဲ့သော ၄ နှစ် က

လင့်ထဲဝင်ပြီး အပေါ်ဆုံးက ပုလဲတစ်အိတ် ၇၀၀၀၀ဆိုတဲ့ဟာလေးကိုထိပြီးလေ့လာနိုင်ပါတယ်။

533 လွန်ခဲ့သော ၄ နှစ် က

လုပ်နည်းနဲ့သုံးစွဲနည်းလေးပါ သိချင်တယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

NPKကွန်ပေါင်းဓာတ်မြေဩဇာကိုအရည်ဖျော်ပြီးပဲပင်ကိုဖျန်းလို့ရလား

ဖြေကြားချက် 2 ခု

အပင်အာဟာရနှင့်ပက်သက်ပြီးတော့သိချင်လို့ပါရှင့် နိုက်ထရိုဂျင်ဆိုရင်အပင်ကိုအားပေးပြီး အပွင့်နှင့်အသီးကျတော့ဘယ်လို...

ဖြေကြားချက် 5 ခု

စိုက်ပျိုးရေးစာအုပ်တွေကို‌ေညာင်‌ေလးပင်မြို့ဘယ်စာအုပ်ဆိုင်မှာဝယ်လို့ရလဲလိပ်စာလေးလမ်းညွှန်ပေးပါအုံး

ဖြေကြားချက် 1 ခု

မြေဆွေးလုပ်တဲ့နေရာမှာသုံးတဲ့emကoemလားem 1 လားရေအဆဘယ်လောက်ထပ်ရောရမလဲခင်ဗျ

ဖြေကြားချက် 7 ခု

မြေပြင်ဖို့အတွက်ဘယ်လိုEMသုံးပေးရမလဲ ရေနဲ့စပ်ရမယ့်အချုးလေးပါသိချင်ပါတယ် ငါးအမိုင်နို ပဲအပုတ်ခံရေ ငှက်ပျောဇီဝ...

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။