အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · ပေါင်

ခရမ်းချဉ်သီးပင် အရွက်တွေ အဖြူကွက်တွေဖြစ်ပီး အသီးလဲပိုးကောင်တွေနဲ့ ဘာပိုးလဲမသိဘူး အဲ့ဒါဘာဖြစ်တာလဲ ဆရာတို့သိရင်...

ခရမ်းချဉ်သီးပင် အရွက်တွေ အဖြူကွက်တွေဖြစ်ပီး အသီးလဲပိုးကောင်တွေနဲ့ ဘာပိုးလဲမသိဘူး အဲ့ဒါဘာဖြစ်တာလဲ ဆရာတို့သိရင်ပြောခဲ့ပေးပါဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
အပင်သက်တမ်း
၄၅ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ
ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်တူတာရွက်ထွင်းပိုး
Post image
Post image
Post image

ဖြေကြားချက် ၅ ခု

44,910 လွန်ခဲ့သော ၄ နှစ် က

ရွက်ထွင်းပိုးပါ။ထိုးဖောက်စိမ့်ဝင်အားကောင်းတဲ့ အဘာမက်တင် ပနိုပီနိုဖော့စတဲ့ဆေးaiလေးသုံးကြည့်ပါးလား

232 လွန်ခဲ့သော ၄ နှစ် က

အရွက်​တွေ အဖြူကွက်​ဖြစ်နေတာက ရွက်ထွင်းပိုး​ကြောင့်ပါဗျ။ အသီးမှာ ပိုး​ကောင်​တွေနဲ့ ဆိုတာက သီးလုံး​ဖောက်ပိုး ဖြစ်ပါလိမ့်မယ်ဗျ

အတည်ပြုပြီး 217,350 လွန်ခဲ့သော ၄ နှစ် က

ရွက်ထွင်းပိုးတွေဖြစ်ပါတယ် ပင်လုံးပြန့် ပိုးသတ်ဆေးတစ်ခုခုကိုသုံးနိုင်ပါတယ်

8,084 လွန်ခဲ့သော ၄ နှစ် က

ပင်စိမ်းပိုးသတ်ဆေးသုံးကြည့်ပါ။ထိရောက်ပါတယ်ခင်ဗျာ။

8,084 လွန်ခဲ့သော ၄ နှစ် က

ရွက်ထွင်းပိုးပါခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာတို့ရေ ကျနော့်အခင်းက ဒီလိုပိုးလေးတွေကျလာလို့ အမြန်ထိရောက်အောင် ဘာဆေးဖြန်းပေးရမလဲဗျ😓

ဖြေကြားချက် 1 ခု

အိမ်နောက်ဖေးမှာ စိုက်ထားတဲ့ ခရမ်းချည်ပင်တွေမှာ ရွက်ထွင်းပိုးကျနေလို့ ဘယ်လို ကာကွယ်နှိမ်နင်းရမလဲ

ဖြေကြားချက် 8 ခု

ဘာရောဂါလဲ ဘာဆေးဖြန်းသင့်လဲ အကြံပေးကြပါအုံးဆရာများ??

ဖြေကြားချက် 3 ခု

ခရမ်းချဉ်ပင် အရွက်တွေက အဖြူအစင်းတွေ ဖြစ်နေလို့ပါ။ ဘာပြသာနာများဖြစ်နေတာပါလဲနဲ့ ဘယ်လိုလုပ်ရပါမလဲရှင့်။

ဖြေကြားချက် 8 ခု

ရွက်ထွင်းအသစ်လို့ပြောပါတယ်ပိုးတွေကျတာအရမ်းဆုးနေလို့ဆေးဒဏ်ခံနိင်နေသလိုပဲဆေးတော့စုံနေဘယ်ဆေးနဲ့ဘယ်လိုကုသရမလဲဖြေ...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။